ကျန်းမာရေးကိုထိခိုက်စေနိုင်သည့်-ဓာတုကြာရှည်ခံဆေးဝါးများ-စားသောက်ကုန်များတွင်အသုံးပြုမှု-ရှိ၊မရှိ-နှင့်သက်တမ်းလွန်-စားသောက်ကုန်များ-စျေးကွက်အတွင်း-ရောင်းချမှု-ရှိ၊မရှိ-ကွင်းဆင်းစစ်ဆေးမှု

Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ချင်းပြည်နယ်အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဉီးစီးဌာနမှ ဦးစီးအရာရှိ(အစားအသောက်) ဒေါ်မြင့်သီတာတင် ဉီးဆောင်၍ ပူးပေါင်းကော်မတီအဖွဲ့တို့သည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန က ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များ နှင့်အညီ နှာခေါင်းစည်းMaskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ စက်တင်ဘာလ ၂၂ရက်နေ့ နံနက် ၉နာရီခွဲအချိန်က ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ အစားအသောက်ပစ္စည်း အရောင်းဆိုင်များသို့ ရောက်ရှိပြီး စျေးကွက်အတွင်း ကျန်းမာရေးကို ထိခိုက်စေနိုင်သည့် ဓာတုကြာရှည်ခံဆေးဝါးများ စားသောက်ကုန်များ စားသောက်ကုန်များတွင်အသုံးပြုမှု ရှိ၊မရှိ၊ မြန်မာနိုင်ငံတွင် မှတ်ပုံတင်မထား သည့် အစားအသောက်ပစ္စည်းများ၊ ဌာနမှ ထုတ်ပြန်ထားသည့် သုံးစွဲရန်မသင့် အစားအသောက် ပစ္စည်းများနှင့် သက်တမ်းလွန် အစားအသောက်ပစ္စည်း ရောင်းချမှုမရှိစေ ရေး ကွင်းဆင်းစစ်ဆေး ခဲ့ကြကြောင်း သိရှိရသည်။မြို့နယ်ပူးပေါင်းကော်မတီအဖွဲ့များတွင်  အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန ၊ ရဲတပ်ဖွဲ့ ၊ စည်ပင်သာယာရေးအဖွဲ့၊စားသုံးသူရေးရာဦးစီးဌာနနှင့် ကျန်းမာရေးနှင့် ကုသရေး ဉီးစီးဌာနတို့ ပါဝင်ပြီး ဟားခါးမြို့ပေါ်ရပ်ကွက်များရှိ စားသောက်ကုန် အရောင်းဆိုင် (၁၀)ဆိုင်ကို ကွင်းဆင်း စစ်ဆေးခဲ့ကြရာ သက်တမ်းလွန် စားသောက်ကုန်ပစ္စည်းများကို စျေးကွက် အတွင်း ရောင်းချရန်မသင့်တော့သဖြင့်သိမ်းဆည်းခဲ့ပြီး သိမ်းဆည်းရရှိသည့် သက်တမ်းလွန် စားသောက်ကုန်များကို  ကော်မတီ၏ အစည်းအဝေး ဆုံးဖြတ်ချက်နှင့်အတူ မြို့နယ်စည်ပင် သာယာရေးအဖွဲ့က မီးရှို့ဖျက်ဆီးသွားမည်ဖြစ် ကြောင်း၊ ဆက်လက်၍ ချင်းပြည်နယ်အစား အသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဉီးစီးဌာနအနေဖြင့် သက်မှတ်စံနှင့် ကိုက်ညီမှုမရှိသည့် ဆေးဝါးများ ၊အလှကုန်ပစ္စည်းများနှင့် အစားအသောက်များကို တစ်လလျှင် နှစ်ကြိမ်နှုန်းဖြင့် ကွင်းဆင်းစစ်ဆေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

စာစုများ -