တီးတိန်၌ ရပ်/ကျေးကော်မရှင်အဖွဲ့ခွဲရုံး၊အတွင်းရေးမှူးများအား ထောက်ပံ့ငွေပေးအပ်
ချင်းပြည်နယ်၊တီးတိန်မြို့၌ ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာလ (၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ရပ်/ကျေး ကော်မရှင်အဖွဲ့ခွဲရုံး၊အတွင်းရေးမှူးများထောက်ပံ့ငွေပေးအပ်ခြင်းကို ယနေ့မွန်းလွဲ၁ နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပြုလုပ်သည်။ ထိုသို့ပေးအပ်ရာတွင် မြို့ပေါ် (၄)ရပ် ကွက်နှင့် ကျေးရွာ အုပ်စု (၅၅)အုပ်စုမှ ကော်မရှင်အဖွဲ့ခွဲရုံး၊အတွင်းရေးမှူးတို့အား တစ်ဦးလျှင် ထောက်ပံ့ငွေ ကျပ် ၉၁၂၀၀ိိ/-နှုန်းဖြင့်ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းကျော်နှင့်တာဝန်ရှိသူတို့က ထောက်ပံ့ငွေများပေးအပ်ခဲ့ကြောင်း သိရသည်။
စာစုများ -