ဟားခါးမြို့တွင် COVID-19 ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး လူစုလူဝေးလျော့ချရေး စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များအား ဆိုင်ထိုင်စနစ်မရှိစေဘဲ ပါဆယ်စနစ်သို့ ရောင်းချရန် သတ်မှတ်ကြေညာ

ဟားခါးမြို့တွင် COVID-19​ ရောဂါထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ရောဂါကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် နေရာများဖြစ်သည့်အတွက် စားသောက်ဆိုင်များနှင့် လက်ဖက်ရည်ဆိုင်များအား Coronavirus Disease 2019(COVID-19)ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များနှင့်အညီ စက်တင်ဘာလ ၂၂ရက်နေ့ မှစ၍ ဆိုင်ထိုင်စနစ်မရှိစေဘဲ ပါဆယ်စနစ်သို့ သတ်မှတ်ရောင်းချစေကြောင်း သိရှိရသည်။

          အဆိုပါ COVID-19​ ရောဂါထိန်းချုပ်ကာကွယ်ရေးကာလအတွင်း COVID-19​ ရောဂါထိန်းချုပ် ကာကွယ်နိုင်ရေးအတွက် လူစုလူဝေးလျော့ချခြင်းအနေဖြင့် Coronavirus Disease 2019(COVID-19) ကာကွယ်၊ထိန်းချုပ်၊ကုသရေးအမျိုးသားအဆင့်ဗဟိုကော်မတီ၏ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များ နှင့်အညီ စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များအား ဆိုင်ထိုင်စနစ်မရှိစေဘဲ ပါဆယ်စနစ်သို့ သတ်မှတ်ရောင်းချခြင်းကို ပြည်သူအားလုံးမှ လိုက်နာ ဆောင်ရွက်ကြရန်ဖြစ်ကြောင်း၊ လိုက်နာဆောင်ရွက်ခြင်းမရှိသူများအား ဟားခါးမြို့နယ် သဘာဝဘေး အန္တရာယ်ဆိုင်စီမံခန့်ခွဲမှု ဉပဒေဖြင့် အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးမြို့နယ် COVID-19​ ကာကွယ်ရေ:နှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

Coronavirus Disease 2019 (COVID-19)ကာကွယ်၊ထိန်းချုပ်၊ကုသရေး အမျိုးသားအဆင့် ဗဟို ကော်မတီ၏ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ စံသတ်မှတ်ချက်များ နှင့်အညီ COVID-19​ ရောဂါ ထိန်းချုပ်ကာကွယ်ရေးကာလအတွင်း ရောဂါကူးစက်ပျံ့နှံ့ရန် လွယ်ကူသည့် နေရာများဖြစ်သည့် ဟိုတယ်များနှင့် သီးခြားနေရာများရှိ Bar ၊ Night Club ၊ KTV များ ဖွင့်လှစ်ခြင်း ခွင့်မပြုထားကြောင်း၊ လူစုလူဝေးများပြားသည့် အစိုးရဘဏ်များ၊ပုဂ္ဂလိကဘဏ်များနှင့် စုပေါင်းရုံးများတွင် ကျန်းမာရေးစစ်ဆေးခြင်း များကို ပိုမိုတင်းကြပ်စွာဆောင်ရွက်ထားကြောင်း၊ ကျန်းမာရေးအသိပညာပေး လုပ်ငန်းများကိုလည်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိကြောင်း၊ ဘုန်းတော်ကြီးကျောင်းများနှင့်  Church ကျောင်းများတွင် ဉပုသ်သီလဆောက်တည်ခြင်းနှင့် ဝတ်ပြုဆုတောင်းခြင်းများကိုလည်း လူစုလူဝေးလျော့ချခြင်းအနေဖြင့် ယာယီရပ်ဆိုင်းထားကြောင်းနှင့် လူစုလူဝေးလျော့ချခြင်းအနေဖြင့်  စားသောက်ဆိုင်များနှင့် လက်ဖက်ရည် ဆိုင်များအား ဆိုင်ထိုင်စနစ်မရှိစေဘဲ ပါဆယ်စနစ်ဖြင့် သတ်မှတ်ရောင်းချစေခြင်းဖြစ်ကြောင်း ဟားခါးမြို့နယ် COVID-19​ ကာကွယ်ရေ:နှင့်တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

စာစုများ -