ဟားခါးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ စားသုံးသူဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကျင်းပ

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊စားသုံးသူရေးရာဦးစီးဌာနနှင့် အစားအသောက် နှင့်ဆေးဝါးကွက်ကဲရေးဦးစီးဌာနတို့ပူးပေါင်း၍ စားသုံးသူဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို စက်တင်ဘာလ ၂၂ရက် မွန်းလွဲ ၂ နာရီက ဟားခါးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ကျင်းပ ခဲ့ပါသည်။ ရှေးဦးစွာ ချင်းပြည်နယ်စားသုံးသူရေးရာဦးစီးဌာန၊ပြည်နယ်ဦးစီးမှူး ဦးသောင်းကြိုင်က စားသုံးသူများ အနေဖြင့်လိုက်  နာရမည့် အချက်များ၊    ဝယ်ယူစားသုံးသူများအနေဖြင့်    ကုန်အညွှန်းအမှတ်အသား ပြည့်စုံစွာပါရှိသည့် စားသောက်ကုန် ပစ္စည်းများကို ဝယ်ယူကြရန်၊ တင်သွင်းရောင်းချသူများ  အနေဖြင့် ကုန်အညွှန်း အမှတ်အသား ပြည့်စုံစွာပါရှိသည့် စားသောက်ကုန်ပစ္စည်းများ တင်းသွင်းရောင်းချရန်၊ အရေးကြီးကုန်စည်များနှင့် ဝန်ဆောင်မှု ဉပဒေများကို လည်းကောင်း၊ ချင်းပြည်နယ်အစား အသောက်နှင့်  ဆေးဝါးကွက်ကဲရေးဦးစီးဌာန၊ ပြည်နယ်တာဝန်ခံ ဒေါက်တာဂျိုးဇက်ဗန်ဘွေအုပ်က အစားအသောက်နှင့်ဆေးဝါး ကွပ်ကဲ ရေး ဦးစီးဌာန၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ အစားအသောက်၊ ဆေးဝါးနှင့်ကုန်စည်ထုတ်လုပ်သူများ သိရှိလိုက်နာရမည့် အချက်များကို ဆွေးနွေးပေးခဲ့ကြသည်။ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် COVID-19 ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ဌာနဆိုင်ရာများ နှင့်ပူးပေါင်း ၍ ပြည်သူများ သိရှိစေလိုသည့် အကြောင်းအရာအသိပညာပေးခြင်း လုပ်ငန်းများကို အွန်လိုင်းမှ တစ်ဆင့် Talk Show အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းထံမှ သိရှိရသည်။

စာစုများ -