တီးတိန်မြို့၌နေအိမ်ဖြိုဖျက်ပြောင်းရွေ့ခဲ့သည့်အိမ်ထောင်စုအတွက်ထောက်ပံ့ငွေများပေးအပ်

ချင်းပြည်နယ်၊တီးတိန်မြို့၌စက်တင်ဘာ၁၅-၁၆ရက်နေ့များတွင်မိုးသည်းထန်စွာရွာသွန်းမှုကြောင့်နေအိမ်ဖြိုဖျက်ပြောင်းရွေ့ခဲ့သည့်အိမ်ထောင်စု(၁)စုအားဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှတီးတိန်မြို့နယ်ဦးစီးမှူးဦးဇော်လင်းထွေးကယနေ့နံနက်၁၁နာရီတွင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ထောက်ပံ့ငွေများပေးအပ်ခဲ့သည်။ ထိုသို့ပေးအပ်ရာတွင်နေအိမ်ဖြိုဖျက်ပြောင်းရွေ့ခဲ့သည့်တီးတိန်မြို့စကောလမ်းရပ်ကွက်နေဒေါ်ကျိန်ခေါလ်နွမ်းမိသားစုတို့အတွက်အိမ်ဆောက်ပစ္စည်းဖိုးငွေကျပ်(၁၀၀၀၀၀/-ိ)နှင့်(၇)ရက်စာဆန်ရိက္ခာဖိုးငွေ(၄၂၀၀/-ိ)ကျပ်ကိုထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

စာစုများ -