ဟားခါးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန ၊ ရပ်ကွက်၊ကျေးရွာအုပ်စုစာရေးဝန်ထမ်းများအား ထောက်ပံ့ငွေနှင့်ကျန်းမာရေးသုံးပစ္စည်းများပေးအပ်

ဟားခါးမြို့နယ်အတွင်းရှိ အထွေထွေအုပ်ချုပ်ရေး ဉီးစီးဌာန၊ ရပ်ကွက်၊ကျေးရွာအုပ်စု စာရေးဝန်ထမ်းများအား အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန(ရုံးချုပ်)မှ ထောက်ပံ့ငွေနှင့် ကျန်းမာရေးသုံးပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းကို စက်တင်ဘာ၂၄ရက် ညနေ၄နာရီက ဟားခါးမြို့ မြို့နယ်စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပရာ ဟားခါးမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးမြင့်ဉီး က ထောက်ပံ့ပေးအပ်ရခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။အဆိုပါထောက်ပံ့ပေးအပ်ရာတွင် ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်၊ကျေးရွာအုပ်စု(၃၉)အုပ်စု ၏ စာရေးဝန်ထမ်း(၃၉)ဉီးအား တစ်ဉီးလျှင် ထောက်ပံ့ငွေကျပ် (၉၁၂၀၀)ကျပ်နှင့်  PPE ဝတ်စုံများ ၊ အပူချိန်တိုင်းကိရိယာများ ၊ နှာခေါင်းစည်းပါးစပ်စည်း(Mask)များကို မြို့နယ်အုပ်ချုပ်ရေးမှူးဉီးမြင့်ဉီး နှင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဉီးတင့်ဝေတို့က ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

 

စာစုများ -