တီးတိန်၌ကိုးရီးယားသမ္မတနိုင်ငံ၊ရာသီဥတုပြောင်းလဲမှုဆိုင်ရာဗဟိုဌာန(CCC)အထောက်အပံ့ဖြင့်ကျေးရွာသစ်လှုပ်ရှားမှုစံပြကျေးရွာကော်မတီသို့ရန်ပုံငွေပေးအပ်

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ကိုးရီးယားသမ္မတနိုင်ငံ၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ဗဟိုဌာန(CCC)အထောက်အပံ့ဖြင့် စိုက်ပျိုးရေးဦးစီးဌာနမှအကောင်အထည်ဖော်ဆောင်ရွက်မည့်ကျေးလက်ဒေသဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ကျေးရွာသစ်လှုပ်ရှားမှုစံပြကျေးရွာအတွက်ကျေးရွာကော်မတီသို့ရန်ပုံ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ မွန်းလွဲ၁နာရီကမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးတွင်ပြုလုပ်သည်။ရှေးဦးစွာဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူးဦးမင်းကျော်ကအမှာစကားပြောကြားသည်။ဆက်လက်၍စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးဦးဗန်ဂိုထန်ကရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအကြောင်းရှင်းလင်းပြီးရန်ပုံငွေကျပ်(၂၆၃•၄)သိန်းအား ဆွောင်းဇန်ကျေးရွာ၊ ရွာသစ်လှုပ်ရှားမှုစံပြကျေးရွာကော်မတီဥက္ကဌ ဦးထန်ခန့်ဒါလ်းသို့ပေးအပ်ခဲ့သည်။
   ကျေးရွာသစ်လှုပ်ရှားမှုစံပြကျေးရွာကော်မတီသည်မိမိတို့ကိုယ်တိုင်ဖွံ့ဖြိုးတိုးတက်ရေးစီမံချက်(VDP)ရေးဆွဲထားသည့်ကဏ္ဍ(၃)ရပ်ကိုအကောင်အထည်ဖော်ရာတွင်ရုံးချုပ်မှညွှန်ကြားချက်အတိုင်းဝင်ငွေတိုးပွားရေးအတွက်၅၀%ပတ်ဝန်းကျင်ဖွံ့ဖြိုးရေးအတွက်၄၅%နှင့်စွမ်းဆောင်ရည်မြှင့်မားရေးအတွက်၅%အသုံးပြုရမည်ဖြစ်ကြောင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှသိရသည်။

စာစုများ -