ဟားခါးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကျင်းပ

ဟားခါး စက်တင်ဘာ ၂၅

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ဟားခါးမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးနှင့် ဟားခါးမြို့နယ် ဉပဒေရုံးတို့ပူးပေါင်း၍ လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ်ကို စက်တင်ဘာလ ၂၅ရက် နံနက် ၁၀ နာရီက ဟားခါးခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပခဲ့ ပါသည်။ရှေးဦးစွာ ဟားခါးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းက လူကုန်ကူးမှုတိုက်ဖျက်ရေးဆိုင်ရာ အသိပညာပေး Talk Show အစီအစဉ် ကျင်းပရခြင်းများနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီးနောက် ဒုတိယရဲမှူး သိန်းဇော်က လူကုန်ကူးမှု ဖြစ်ပေါ်လာပုံများ၊ လူကုန်ကူး မှုပေါ်ပေါက်လာသည့် အဓိကအကြောင်းရင်းများ၊ လူကုန်ကူးမှု အင်္ဂါရပ်(၃)ချက်အကြောင်း၊ လူကုန်ကူးသူများအသုံးပြုသည့် နည်းလမ်းများနှင့် လူကုန်ကူးမှု ဆိုင်ရာပြစ်မှုပြစ်ဒဏ်များကိုလည်းကောင်း၊ မြို့နယ် ဉပဒေအရာရှိ ဦးနေလင်းထွန်းက လူကုန်ကူးမှု တားဆီးကာကွယ်ရေးရည်ရွယ်ချက်များ၊ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးနှင့် ပတ်သက်၍ ပြည်သူလူထုတစ်ရပ်လုံးက အမျိုးသားရေးတာဝန်တစ်ရပ်အနေဖြင့် ပူးပေါင်းပါဝင်ရန်များ၊ လူကုန်ကူးခံရသူများ၏ ဖြစ်စဉ်များနှင့် လူကုန်ကူသူများ၏ ဆောင်ရွက်လေ့ရှိသည့် နည်းလမ်းများကို လည်းကောင်း ရှင်းလင်းဆွေးနွေးပေးခဲ့ကြသည်။ဟားခါးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံ ရေးဦးစီးဌာနအနေဖြင့် COVID-19 ကာကွယ် ထိန်းချုပ်ရေးကာလအတွင်း ဌာနဆိုင်ရာများ နှင့်ပူးပေါင်း၍ ပြည်သူများ သိရှိစေလိုသည့် အကြောင်းအရာအသိပညာပေးခြင်း လုပ်ငန်းများကို အွန်လိုင်းမှ တစ်ဆင့် Talk Show အစီအစဉ်ဖြင့် ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဟားခါးခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်နီလာဝင်းထံမှ သိရှိရသည်။

စာစုများ -