ချင်းပြည်နယ်၏ အထင်ရှားဆုံးဘောလုံးကွင်းဖြစ်သည့် ဟားခါးမြို့ဝမ္မသူးမောင်အားကစား ကွင်း၏ ပွဲကြည့်စင်များကို ၁၉၉၈ ခုနှစ် ကျောင်းသားအားကစားပွဲတော်ကျင်းပစဉ်က တည်ဆောက် ခဲ့ရာ ပျက်စီးယိုယွင်းခဲ့သဖြင့် ချင်းပြည်နယ် ချင်းပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာရန်ပုံငွေကျပ် ၆၃၃.၆ သန်းဖြင့် အသစ်ပြန်လည်တည်ဆောက်လျက်ရှိရာ ယနေ့ထိလုပ်ငန်းတစ်ခုလုံး၏ ၆၅ ရာခိုင်နှုန်းပြီးစီး လျက်ရှိပြီး ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလကုန်တွင်အပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အားကစားနှင့်ကာယပညာဉီးစီးဌာန၊ ပြည်နယ်ဉီးစီးမှူး ညွှန်ကြားရေးမှူး ဉီးသန်းအောင် ထံမှသိရှိရသည်။ အဆိုပါ ပွဲကြည့်စင်များကို အနောက်ဘက်၊ တောင်ဘက်နဲ့ မြောက်ဘက်တွင် စုစုပေါင်း အလျား ၄၀၀ပေ၊ အနံ ၄၅ပေရှိ အဆင့်(၁၈)ဆင့်ပါ RC အမျိုးအစားဖြစ်ပြီး ဟားခါးမြို့ ရုန်းမိသားစု ကုမ္ပဏီလီမီတက်က တာဝန်ယူကာ ၂၀၂၀ပြည့်နှစ် ဇန်နဝါရီလ ၂၇ နေ့မှစတင်ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်တွင် အပြီးတည်ဆောက်သွား မည်ဖြစ်ကြောင်း ၊ လုပ်ငန်းအရည်အသွေး ပြည့်မီစေရေးနှင့် လုပ်ငန်းများ အချိန်မီပြီးစီးနိုင်ရေး တာဝန်ယူဆောင် ရွက်လျက်ရှိသည့် ရုန်းမိသားစု ကုမ္ပဏီမှ အမြဲမပြတ်ကြီးကြပ် ဆောင်ရွက်လျက်ရှိသည့်နည်းတူ ပြည်နယ် အားကစားနှင့်ကာယ ပညာဦးစီးဌာန ပြည်နယ်ဉီးစီးမှူးနှင့်ဝန်ထမ်း များကလည်းနေ့စဉ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရှိရသည်။ ချင်းပြည်နယ် အားကစားနှင့်ကာယပညာဦးစီးဌာနအနေဖြင့် ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စု ဘတ်ဂျက်ဖြင့် ဝမ္မသူးမောင် အားကစားကွင်း မီတာ(၄၀၀)ပြေးလမ်း Syntheticခင်းခြင်းအပါအဝင် လုပ်ငန်းစီမံကိန်း(၆)ခု၊ ပြည်နယ် ဘတ်ဂျက်ဖြင့် ပြည်နယ်အတွင်းရှိ မြို့နယ်(၉)မြို့နယ်တွင် လုပ်ငန်းစီမံကိန်း (၁၇)ခု ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ချင်းပြည်နယ် အားကစားနှင့်ကာယပညာဉီးစီးဌာန၊ ပြည်နယ်ဉီးစီးမှူး ညွှန်ကြားရေးမှူး ဉီးသန်းအောင် ထံမှသိရှိရသည်။
နောက်ဆုံးရသတင်းများ
ပင်မစာမျက်နှာ / နောက်ဆုံးရသတင်းများ / ချင်းပြည်နယ်၏ အထင်ရှားဆုံးဘောလုံးကွင်းဖြစ်သည့် ဟားခါးမြို့ဝမ္မသူးမောင်အားကစားကွင်းပွဲကြည့်စင်များတည်ဆောက်မှု ၆၅ရာခိုင်နှုန်းပြီးစီးဆက်စပ်သတင်းများ
အချက်အလက်များ မတွေ့ပါ!