ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၌ အိမ်သုံးMPT Wifi စက် ပလပ်ခေါင်းမှတစ်ဆင့် အပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွား

ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၌ အိမ်ရှင် ဉီးနန်းထိုက်အောင် အသက် (၄၃)နှစ် ၊ နေအိမ် ပေ၃၀ ပေ၄၀ အုတ်ညှပ်တိုက်(၁) ထပ် နေအိမ်တွင် အိမ်သုံး  MPT Wifi စက်ပလပ်ခေါင်းမှ တစ်ဆင့် အပူလွန်ကဲပြီးစက်တင်ဘာလ ၂၅ ရက် ညနေ ၅နာရီခွဲအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။

          အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ဟားခါးမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး ၊ မီးငြိမ်းသတ်ယာဉ်(၂)စီးနှင့်အုပ်ချုပ်မှုယာဉ်(၁)စီး စုစုပေါင်း (၄)စီးနှင့်တူ ဟားခါးခရိုင်မီးသတ်ဉီးစီး မှူး ဉီးသန်းထွေး ဉီးဆောင်သည့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ရေဂါလန် (၂၀၀) ခန့်အသုံးပြု၍ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း ၊ မီးလောင်မှုကြောင့် အိမ်ရှင်အိမ်ရှင် ဉီးနန်းထိုက်အောင်၏ နေအိမ်ရှိ Wifi(၁)လုံးနှင့် အနီးရှိစာရွက်စာတမ်းများ မီးလောင်ကျွမ်းခဲ့ပြီး ၊ မီးလောင်မှုကြောင့် လူနှင့်တိရိစာ္ဆန်များ ထိခိုက်ဒဏ်ရာရရှိမှုများ ၊ မီးဘေးဒုက္ခသည် မရှိကြောင်း ၊ အိမ်ရှင် ဉီးနန်းထိုက်အောင်အား ဟားခါးမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားရှိကြောင်း ဟားခါးမြို့နယ်မီးသတ်ဉီးစီးဌာနမှ သိရှိရသည်။

                                                                                               

 

စာစုများ -