ချင်းပြည်နယ်၊တီးတိန်မြို့ အဝင်/အထွက်ဂိတ်များတွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခရီးသွားပြည်သူများကျန်းမာရေး စစ်ဆေးခြင်းကို ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက် လျက်ကြောင်း သိရသည်။
ယနေ့ ထိုသို့စစ်ဆေးရာတွင် ခရီးသွားပြည်သူများ ကိုယ်အပူချိန်တိုင်းပေးခြင်း၊ ခရီးသွားရာဇဝင်မှတ်တမ်းရယူခြင်းများ ဆောင်ရွက်် ပြီး ခရီးသွားပြည်သူများအား ပါးစပ် /နှာခေါင်းစည်းတပ်ဆင်ရန် နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသည့် သတ်မှတ်စည်းကမ်းများ လိုက်နာရေး အသိပညာ ပေးခြင်းများ ဆောင်ရွက်သည်။
တီးတိန်မြို့၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် မြို့အဝင်/အထွက်ဂိတ်များတွင် ခရီးသွားပြည်သူများ ကျန်းမာရေးစစ်ဆေးခြင်း၊ ခရီးသွား ရာဇဝင် မှတ်တမ်းရယူခြင်များကို သြဂုတ်လ ၂၆ ရက်က စတင်ပြန်လည်ဖွင့်လှစ်ဆောင်ရွက် ခဲ့ကာ ယခုလတ်တလော အခြေအနေအရ အပြင်ထွက်၍ ဖြစ်စေ၊ မြို့တွင်းဝင်ရောက်၍ ဖြစ်စေ နှာခေါင်းစည်း တပ်ဆင်ရမည်၊ ခရီးသွားထောက်ခံစာ မပါက မြို့တွင်းသို့ဝင်ခွင့်ပြုမည် မဟုတ်ကြောင်း၊ပူးပေါင်းစစ်ဆေး ရေးအဖွဲ့ထံမှ သိရသည်။
