ဖလမ်းမြို့နယ်အတွင်း အသက်(၈၀)နှင့် (၈၅)နှစ်ကြား ဘိုးဘွားများနှင့် အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများအား အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်

ဖလမ်း            အောက်တိုဘာ၂

ဖလမ်းမြို့၊ ဗလိုင်ရပ်ကွက်အတွင်းရှိ အသက်(၈၀)နှင့် (၈၅)နှစ်ကြား ဘိုးဘွားများကို အောက်တိုဘာ ၁ ရက် ညနေက ဖလမ်းခရိုင် လူမှုဝန်ထမ်းဦးစီးမှူး ဒေါ်ဉမ္မာဆွေ နှင့် ဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ငွေများ ပေးအပ်သည်။ ဖလမ်းမြို့ပေါ်ရှိ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွားများကိုလည်း အောက်တိုဘာ ၂ ရက် နံနက်ပိုင်းတွင် လူမှုဝန်ထမ်းဦးစီးဌာနမှ ဝန်ထမ်းများက အိမ်တိုင်ရာရောက် ထောက်ပံ့ငွေပေးအပ်သည်။ ဖလမ်းမြို့နယ်အတွင်း အသက် (၈၀)နှင့် (၈၅)နှစ်ကြား ဘိုးဘွား(၁၆၁)ဦးကို ကိုဗစ်-၁၉ စီးပွားရေးကုစားမှုအစီအစဉ် (CERP)အရ တစ်ဦးလျှင် (၃၀၀၀၀)နှုန်းဖြင့်လည်းကောင်း၊ အသက်(၈၅)နှစ်နှင့်အထက် ဘိုးဘွား(၂၁၈)ဦးကို လူမှုရေးပင်စင် တစ်လလျှင်(၁၀၀၀၀)နှုန်း ဖြင့် (၃)လစာ ၃၀၀၀၀ ကိုလည်းကောင်း ထောက်ပံ့ပေးခြင်းဖြစ်ကြောင်းသိရသည်။
စာစုများ -