ကျီခါးမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်၊ကုသရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီအတွက် အလှူငွေပေးအပ်ပွဲအခမ်းအနား၌ ပြည်နယ်လူမှုရေးဝန်ကြီး အမှာစကားပြောကြား

ကျီခါး            အောက်တိုဘာ၉

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့ကိုဗစ်-၁၉ရာဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီအတွက် အလှူငွေပေးအပ်လှူဒါန်းခြင်း အခမ်းအနားကို ယနေ့နံနက်(၈)နာရီ အချိန်က ကျီခါးမြို့‌အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့ကြသည်။ ရှေးဦးစွာ ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန်မှ အဖွင့်အမှာစကားပြောကြားသည်။ ထို့နောက် ကျီခါးမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီအတွက် ပြည်နယ်လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန်က ငွေကျပ်(၁၀)သိန်းကိုလည်းကောင်း၊သူရလင်းကုမ္ပဏီမှဦးကိုကိုနိုင်က ငွေကျပ်(၅)သိန်းကိုလည်းကောင်းပေးအပ်လှူဒါန်းကြရာ ကျီခါးမြို့ ကိုဗစ်ကော်မတီဥက္ကဌ မြို့အုပ်ချုပ်ရေးမှူး ဦးနေဇော်အောင်၊ဒု-ဥက္ကဌ နယ်မြေရဲစခန်းမှူး ရဲအုပ်စိုး၀င်းအောင်နှင့်အတွင်းရေးမှူး တိုက်နယ်ဆရာ၀န်ဒေါက်တာထန်ဆန်းတို့မှလက်ခံရယူကြပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စာစုများ -