ကျီခါးမြို့၌ Quarantine၀င်ရောက်မှု သတ်မှတ်ကာလပြည့်ပြီး Swabနာမူနာ(၂)ကြိမ်စစ်ဆေးရာ ရောဂါပိုးမတွေ့သူ အမျိုးသမီး (၄)ဦးအား ‌ကျန်းမာကြောင်းထောက်ခံစာများပေးအပ်ပြီး ပြန်လည်စေလွှတ်
 
ကျီခါး အောက်တိုဘာ ၁၀
 
ချင်းပြည်နယ်၊ကျီခါးမြို့တွင် အိန္ဒိယနိုင်ငံမှ ပြန်လည်၀င်ရောက် လာသည့်နေရပ်ပြန်များအား စနစ်တကျပြန်လည်လက်ခံ၍ အသွားအလာကန့်သတ်ပြီး ကျန်းမာရေးစောင့်ကြည့်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၇)နာရီအချိန်က Facility Quarantine၀င်ရောက်မှု သတ်မှတ်ကာလပြည့်ပြီး Swab နမူနာ ( ၂ ) ကြိမ်စစ်ဆေးရာ ရောဂါပိုးမတွေ့သူ အမျိုးသမီး‌(၄)ဦးအား ပြည်နယ်လူမှုရေး၀န်ကြီး ဦးပေါင်လွန်းမင့်ထန်က ကျန်းမာကြောင်းထောက်ခံစာများပေးအပ်၍ ပြန်လည်စေလွှတ်ခဲ့ကြောင်းသိရသည်။အဆိုပါ Quarantine၀င်ရောက်မှု ( ၁၄ ) ရက်ပြည့်သဖြင့် ပြန်လည်‌စေလွှတ်သူ အမျိုးသမီး(၄)ဦးမှာ အိန္ဒိယနိင်ငံမှပြန်လည် ရောက်ရှိလာသည့် တွန်းဇံမြို့နယ် ၊ ဟိုင်ကျင်းကျေးရွာမှ အသက် ( ၁၈)နှစ်နှင့်အသက်(၁၉)နှစ်အရွယ် အမျိုးသမီး(၂)ဦး ၊ တုန်ကျင်း ‌ကျေးရွာမှ အသက်(၃၇)နှစ် အမျိုးသမီး(၁)ဦး၊ကျီခါးမြို့အမှတ်(၁) ရပ်ကွက်မှ အသက်(၂၁)နှစ်အရွယ် အမျိုးသမီး(၁)ဦး စုစုပေါင်း(၄)ဦးဖြစ်ကြောင်းနှင့် ၎င်းတို့အား ချင်းပြည်နယ်အစိုးရအဖွဲ့ လူမှုရေး‌ ၀န်ကြီးဦးပေါင်လွန်းမင့်ထန်နှင့်ကျီခါးမြို့ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီအဖွဲ့၀င်များက ကျန်းမာ‌ကြောင်းထောက်ခံစာများ ပေးအပ်ခဲ့ပြီး မိမိတို့နေအိမ်များ၌ (Home Quarantine ) (၇)ရက်ဆက်လက်ထပ်မံနေထိုင်ရေး လမ်းညွှန်မှားကြားခဲ့ပြီး ၀န်ကြီးက တစ်ဦးလျှင်ငွေကျပ်(၁၀၀၀၀)စီဖြင့် ထောက်ပံ့ကူညီခဲ့ကြောင်းသိရသည်။
စာစုများ -