ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာတွင် ကိုယ်ထူကိုယ်ထဖြင့် တူးဖော်တည်ဆောက်ခဲ့သည့် အလျား ပေ၃၀၀၊အနံပေ ၂၀၀ရှိ မာလ်ဆောမ်ကျေးရွာဘောလုံးကွင်းသည် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ကွင်းတစ်ခုလုံး မြေသားကျွံကျပျက်စီးခဲ့သဖြင့် ချင်းပြည်နယ် အားကစားနှင့် ကာယပညာ ဦးစီးဌာန၏ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက်သာမန်အသုံးစရိတ် ငွေကျပ်သိန်း(၅၀)ဖြင့် ကျေးရွာဘောလုံးကွင်းပြုပြင်ရေးကော်မတီမှ စက်တင်ဘာလ ၁၀ရက်နေ့မှ စတင်ပြုပြင်ခဲ့ရာ ယခုတွင် ၁၀၀ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း ဟားခါးမြို့နယ် အားကစားနှင့်ကာယပညာ ဦးစီးဌာနထံမှ သိရှိရသည်။အဆိုပါ ကျေးရွာဘောလုံးကွင်း ပြုပြင်ရာ တွင် ကျွံကျသောမြေနေရာ မြေဖို့ခြင်း၊ မိုးရေတိုက်စား သောမြေနေရာပြုပြင်ခြင်းအပါအဝင် မြေကာနံရံတည်ဆောက်ခြင်းနှင့် ရေလွှဲမြောင်းတည်ဆောက် ခြင်းများကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ပြည်နယ်ဘတ်ဂျက်သာမန်အသုံးစရိတ် ငွေကျပ်သိန်း(၅၀)ဖြင့် ဟားခါးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးကြပ်၍ ကျေးရွာဘောလုံးကွင်း ပြုပြင်ရေးကော်မတီမှ ပြုပြင်ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာတွင် ကျေးရွာဘောလုံးကွင်းပြုပြင်မှု ၁၀၀ရာခိုင်နှုန်းပြီးစီးခဲ့သည့်အတွက် ကျေးရွာနေပြည်သူများအတွက် ကိုယ်ကာယလေ့ကျင့်ခန်းများနှင့် အားကစားပေါင်းစုံ ပြန်လည်ကျင်းပနိုင်မည်ဖြစ်၍ ကျေးရွာနေပြည်သူများ အထူးဝမ်းမြောက်လျက်ရှိကြောင်း ဟားခါးမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရှိရသည်။
နောက်ဆုံးရသတင်းများ
ပင်မစာမျက်နှာ / နောက်ဆုံးရသတင်းများ / ဟားခါးမြို့နယ် မာလ်ဆောမ်ကျေးရွာ၏ ဘောလုံးကွင်းမိုးသည်းထန်စွာရွာသွန်းမှုကြောင့် ကွင်းတစ်ခုလုံးမြေသားကျွံကျမှုအား ပြန်လည်ပြုပြင်မှု ၁၀၀ ရာခိုင်နှုန်းပြီးစီးဆက်စပ်သတင်းများ
အချက်အလက်များ မတွေ့ပါ!