ချင်းပြည်နယ်၊ ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၌ အိမ်ရှင် ဆရာငွန်လျန် (အထက်တန်းပြကျောင်းဆရာအငြိမ်း) အိမ်ငှား ဒေါ်ရွှေသင်း အသက် (၄၅)နှစ် ၊ နေအိမ် ပေ၂၆ ပေ၁၆ သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း(၂)ထပ် နေအိမ်အပေါ်ထပ်တွင် TVဖွင့်ထားရာမှ ပလပ်ခေါင်း အပူလွန်ကဲပြီး အောက်တိုဘာ ၁၁ရက် မွန်းလွဲ၂နာရီအချိန်ခန့်က မီးလောင်မှုဖြစ်ပွားခဲ့ ကြောင်းသိရသည်။အဆိုပါ မီးလောင်မှုဖြစ်ပွားရာနေရာသို့ ဟားခါးခရိုင်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး ၊ မီးငြိမ်းသတ်ယာဉ်(၁)စီး၊အုပ်ချုပ်မှုယာဉ်(၁)စီး၊ဟားခါးမြို့နယ်မီးသတ်စခန်းမှ ရေသယ်ယာဉ်(၁)စီး ၊ မီးငြိမ်းသတ်ယာဉ်(၂)စီး စုစုပေါင်း (၆)စီးနှင့်တူ ဟားခါးခရိုင်မီးသတ်ဉီးစီးမှူး ဉီးသန်းထွေးနှင့် ဟားခါးမြို့နယ်မီးသတ်ဦးစီးမှူး ဦးသျှန်နွန်မောင်တို့ ဦးဆောင်သည့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများက ရေဂါလန် (၄၈၀၀) ခန့်အသုံးပြု၍ ဝိုင်းဝန်းမီးငြိမ်းသတ်ခဲ့ရာ မီးငြိမ်းသတ် နိုင်ခဲ့ကြောင်း ၊ မီးလောင်မှုကြောင့် နေအိမ် ပေ၂၆ ပေ၁၆ သွပ်မိုး၊ပျဉ်ကာ၊ပျဉ်ခင်း အပေါ်ထပ် မီးလောင်ကျွမ်းခဲ့ပြီး လူနှင့်တိရိစာ္ဆန်များ ထိခိုက်ဒဏ်ရာရရှိမှုများ မရှိကြောင်း၊ မီးဘေးဒုက္ခသည် (၅)ဦးအား နီးစပ်ရာ ဆွေးမျိုးများအိမ်သို့ နေရာချထားကြောင်း၊ အိမ်ငှား ဒေါ်ရွှေသင်းအား ဟားခါးမြို့မရဲစခန်းမှ အရေးယူဆောင်ရွက်ထားရှိကြောင်း ဟားခါးမြို့နယ် မီးသတ်ဉီးစီးဌာနထံမှ သိရှိရသည်။
နောက်ဆုံးရသတင်းများ
ပင်မစာမျက်နှာ / နောက်ဆုံးရသတင်းများ / ဟားခါးမြို့၊ စျေးသစ်ရပ်ကွက်၌ TVဖွင့်ထားရာမှ ပလပ်ခေါင်းအပူလွန်ကဲပြီး မီးလောင်မှုဖြစ်ပွားဆက်စပ်သတင်းများ
အချက်အလက်များ မတွေ့ပါ!