ကန်ပက်လက်မြို့၌ ကို​ဗစ်ကာလသတ်မှတ်ချက်များနှင့်အညီ​​​​​​​‌ဈေးများရောင်းချပေးလျှက်ရှိ

ကန်ပက်လက်           အောက်တိုဘာ၁၅

ကန်ပက်လက်မြို့အတွင်းရှိစျေးများ၌ ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီစျေးများ ရောင်းချပေးလျှက်ရှိကြောင်းသိရသည်။ "ကျွန်မတို့က မိသားစု စားဝတ်နေရေးအတွက် စျေးရောင်းရတာဖြစ်လို့ပါ။ ​ဒီကာလမှာ တကယ်တော့ကျွန်မတို့လည်း မရောင်းချင်ပါဘူး။မဖြစ်မနေရောင်းရတာဖြစ်တော့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့သတ်မှတ်ချက်တွေ ၊မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး ကော်မတီ၏ ညွှန်ကြားချက်နှင့်အညီ အတတ်နိုင်ဆုံးရောင်းချပေးနေပါတယ်"လို့ စျေးသည်တစ်ဦးက ပြောပြပါသည်။ စျေးများရောင်းချပေးရာတွင် (၆ )ပေအကွာမှရောင်းချပေးခြင်း၊Mask များတပ်ဆင်စေခြင်း၊လက်အိတ်များအသုံးပြုခြင်း၊ပိုက်ဆံများကိုလည်းလူကိုယ်တိုင်ပေးခြင်းမပြုဘဲ ခြင်းတောင်းဖြင့်အပေးအယူပြုခြင်းစသည်များ လိုက်နာဆောင်ရွက်ကြကြောင်းနှင့်အခါအားလျော်စွာထုတ်ပြန်ထားသည့်စည်းကမ်းချက်များကို လိုက်နာဆောင်ရွက်ကြခြင်းဖြစ်ကြောင်းသိရသည်။
စာစုများ -