ချင်းပြည်နယ် လူမှုရေးဝန်ကြီးနှင့်တာဝန်ရှိသူများ ထန်တလန်မြို့၊ မြို့ပတ်လမ်းမြေပြိုမှု ပြန်လည်ပြုပြင်သည့်နေရာနှင့် Facility Quarantine ဝင်ရောက်နေသူများအား ကြည့်ရှုစစ်ဆေး

ထန်တလန်         အောက်တိုဘာ၁၅

ချင်းပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် တာဝန်ရှိသူများသည် အောက်တိုဘာလ ၁၄ ရက် က ဟားခါးခရိုင်၊ ထန်တလန်မြို့အမှတ်(၃) ရပ်ကွက်ရှိ မိုးလုံလေလုံ အားကစားရုံ၏ မြို့ပတ်လမ်းမြေပြိုမှုပြန်လည်ပြုပြင်သည့်နေရာသို့ ရောက်ရှိ၍ ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ မြို့နယ်လမ်းဦးစီးဌာနတာဝန်ခံ ဦးကျင်းပဲန်လျန်က သဘာဝဘေးဒဏ်ကြောင့်မြေပြိုကျပြီး ပြန်လည်ပြုပြင်သည့် လုပ်ငန်းများ ဆောင်ရွက်မှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့သည်။ ထို့နောက် ချင်းပြည်နယ်လူမှုရေးဝန်ကြီး နှင့်တာဝန်ရှိသူများသည် ထန်တလန်မြို့အမှတ် (၃) ရပ်ကွက်ရှိ မိုးလုံလေလုံအားကစားရုံ၌ Facility Quarantine ဝင်ရောက်နေသည့် (၁၀)ဦးတို့အား သွားရောက်၍ အားပေးစကားပြောကြားခဲ့ပြီး Facility Quarantine Centre တွင် တာဝန်ထမ်းဆောင်နေသူများအတွက် ငွေကျပ်ငါးသောင်း ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။
စာစုများ -