တွန်းဇံမြို့၌ စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင်ကွင်းဆင်းစစ်ဆေး

တွန်းဇံ                အောက်တိုဘာ၁၆

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ(၁၆)ရက်နေ့ နံနက်(၇) နာရီအချိန်တွင် စားသောက်ဆိုင်များ သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ မြို့နယ်စည်ပင်သာယာရေးကော်မတီဉက္ကဌ ဦးနိန်ခင်းပေါင်၊ အမှုဆောင်အရာရှိ ဒေါ်အမာရီ၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်ဆောက်နှင့် မြို့နယ်ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် တည်ခိုခန်း၊ စားသောက်ဆိုင်နှင့်လ္ဘက်ရည်ဆိုင်များကို သတ်မှတ်စည်းကမ်းနှင့်အညီ ရောင်းချမှု ရှိ/မရှိ ရှောင်တခင် ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ တွန်းဇံမြို့နယ်အတွင်း စားသောက်ဆိုင်နှင့် လ္ဘက်ရည်ဆိုင်များအား ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေသည့်ကာလအတွင်း လူစုလူဝေးဖြစ်ပေါ်မှု မရှိစေရေးအတွက် ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ထုတ်ပြန်ကြေငြာထားပြီး ဖြစ်သည့်အတွက် ထုတ်ပြန်ထားသည့် သတ်မှတ်စည်းများနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေးဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာစုများ -