COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေနှင့် အသုံးအဆောင်ပစ္စည်းများ လှူဒါန်း

ဟားခါး                   အောက်တိုဘာ ၁၆

ဟားခါးပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေသည့် COVID-19​ ရောဂါ ပိုးတွေ့လူနာ (၅)ဦးအထိရှိလာပြီး ဟားခါးပြည်သူ့ဆေးရုံကြီးတွင် COVID-19​ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေနှင့် အသုံးအဆောင်ပစ္စည်းများပေးအပ်လှူဒါန်းခြင်းကို အောက်တိုဘာ ၁၆ရက်နေ့က ဟားခါးမြို့၊ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။ အဆိုပါ လှူဒါန်းပေးအပ်ရာတွင် ငွေကျပ် (၂)သိန်းနှင့် အသုံးဆောင်ပစ္စည်းများဖြစ်သည့် ဘောင်းဘီရှည် (၁၁)ထည်၊ ဘောင်းဘီတို(၆)ထည်၊ ရှပ်အင်္ကျီ(၁၉)ထည်၊ စောင်(၂၀)ထည်၊အိပ်ယာခင်း(၁၀)ထည်၊ ခေါင်းအုံး(၁၀)လုံး၊ မဝတ်အင်္ကျီ(၇)ထည်နှင့် လုံခြည်(၁၁)ထည်ကို ဟားခါးပြည်သူ့ဆေးရုံကြီးတွင် COVID-19​ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် (H.B.C)နှစ်ခြင်း အသင်းတော် အမျိုးသမီးအဖွဲ့မှ ပေးအပ်လှူဒါန်းခဲ့ရာ ဟားခါးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ခဲ့ကြောင်း သိရှိရသည်။ COVID-19​ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ဟားခါးပြည်သူ့ ဆေးရုံကြီးတွင် COVID-19​ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင် ရန်အတွက် အလှူရှင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

စာစုများ -