ဟားခါးမြို့၌ Facility Quarantine ဝင်ရောက်သူ စုစုပေါင်း(၁၈၂)ဦးအထိရှိလာပြီး Facility Quarantine Centers(၇)ခုအထိ တိုးချဲ့ဖွင့်လှစ်ထားရှိ

ဟားခါး             အောက်တိုဘာ၁၆

COVID-19 ​ရောဂါကာကွယ်ထိန်းချုပ်ရေးကာလအတွင်းချင်းပြည်နယ် Coronavirus Disease 2019( COVID-19) ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၏ လမ်းညွှန်မှုနှင့်အတူ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ထုတ်ပြန်ကြေညာချက်များနှင့်အညီ မြို့ဝင်ဂိတ်များတွင် ကျန်းမာရေး စစ်ဆေးခြင်းများ တင်းကြပ်စွာဆောင်ရွက်လာခြင်းကြောင့် ဟားခါးမြို့နယ်အတွင်း အောက်တိုဘာလ ၁၆ရက်နေ့အထိ ပြည်တွင်း၊ပြည်ပမှ ပြန်လည်ရောက်ရှိလာပြီး Facility Quarantine ဝင်ရောက်သူ စုစုပေါင်း(၁၈၂)ဦးအထိရှိလာပြီး  Facility Quarantine Centers(၇)ခုအထိ တိုးချဲ့ဖွင့်လှစ်လာကြောင်း ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။ ဟားခါးမြို့နယ်အတွင်း ပြည်တွင်းပြည်ပမှ ပြန်လည်ဝင်ရောက်လာပြီး ဟားခါးတက္ကသိုလ် Facility Quarantineတွင်  (၅၅)ဦး၊ G.T.I Facility Quarantineတွင်  (၂၂)ဦး၊ ဟားခါးမြို့၊နယ်စပ်ဒေသတိုင်းရင်းသား လူမျိုးများဖွံ့ဖြိုးရေးသင်တန်းကျောင်း Facility Quarantineတွင်  (၁၄)ဦး၊ ဟားခါးမြို့၊အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း Facility Quarantineတွင်  (၁၀)ဦး၊ အ.ထက(၁) အခြေခံပညာ အထက်တန်းကျောင်း Facility Quarantine တွင်  (၁၁)ဦး ၊ အ.ထက(၃) အခြေခံပညာ အထက်တန်းကျောင်း Facility Quarantine တွင်  (၈)ဦးနှင့် အ.ထက(၄) အခြေခံပညာ အထက်တန်းကျောင်း Facility Quarantine တွင်  (၅၉)ဦး စုစုပေါင်း Facility Quarantine ဝင်သူ (၁၈၂)ဦးရှိကြောင်း   ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်း ကော်မတီထံမှ သိရှိရသည်။ ဟားခါးမြို့နယ်အတွင်း  Facility Quarantine ဝင်ရောက်နေသူ (၁၈၂)ဦးအား Facility Quarantine (၇)ခုတွင် ထားရှိလျက်ရှိပြီး ထပ်မံလူဦးရေတိုးလာပါ Facility Quarantine ထားရှိနိုင်ရန် နေရာများကို လျာထား လျက်ရှိကြောင်း ၊ Facility Quarantine များတွင် ပိုးသတ်ဆေးဖျန်းခြင်းနှင့် သန့်ရှင်းရေးလုပ်ငန်းများကို တာဝန်ရှိသူများမှ ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ Facility Quarantine ဝင်ရောက်နေသူများအား ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဝင်များနှင့် လူငယ်Volunteerများပူးပေါင်း၍ စောင့်ကြပ် ကြည့်ရှု ပေးလျက်ရှိကြောင်း၊Facility Quarantine ဝင်ရောက်နေသူများအား ချင်းပြည်နယ် အစိုးရအဖွဲ့မှ တစ်ဦးလျှင် တစ်ရက် ငွေကျပ်(၃၅၀၀)ကျပ်နှုန်းဖြင့် ၁၄ရက်အတွက် ငွေကျပ်၄၉၀၀၀ ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ချင်းပြည်နယ်လူမှုဝန်ထမ်းဦးစီးဌာနမှ အသက် ၅နှစ်အောက် ကလေးငယ်များနှင့် အသက် ၆၀အထက် များအား တစ်ဦးလျှင် ငွေကျပ် ၃၀၀၀၀နှုန်း ထောက်ပံ့ပေးလျက်ရှိကြောင်း ဟားခါးမြို့နယ် (COVID-19)  ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီထံမှ သိရှိရသည်။

စာစုများ -