တီးတိန်မြို့၌ ကိုဗစ်- ၁၉ ကာလ စစ်မှုထမ်းဟောင်းများအတွက် ဆန်၊ဆီ၊ဆား၊ကုလားပဲများ ထောက်ပံ့

တီးတိန်           အောက်တိုဘာ၁၇

ချင်းပြည်နယ်၊တီးတိန်မြို့၌ ကိုဗစ်- ၁၉ ကာလ စစ်မှုထမ်းဟောင်းများအတွက် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်၏ အစီအစဥ်ဖြင့် ထောက်ပံ့သည့် အခြေခံစားသောက်ကုန် ဆန်၊ဆီ၊ဆားနှင့် ကုလားပဲများကို အောက်တိုဘာ ၁၆ ရက်နေ့က တီးတိန်မြို့နယ် စစ်မှု ထမ်းဟောင်းများအဖွဲ့ရုံး၌ ဖြန့်ဝေထုတ်ပေးလျက်ရှိကြောင်း သိရသည်။ ထိုသို့ ထောက်ပံ့ရာတွင် တီးတိန်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်းများနှင့် ဗဟိုဝင်မိသားစု (၈၁၀)ဦးအား (၁၄)ရက်စာအတွက် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း တီးတိန်မြို့အခြေစိုက် ခလရ(၂၆၉) တပ်ရင်းဌာန တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

စာစုများ -