အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ ကိုးဦးတို့အား ရိခေါ်ဒါရ်မြို့ အထကခွဲ Facility Quarantineနေရာ၌ အသွားအလာစောင့်ကြည့်ထားရှိ

ရိခေါ်ဒါရ်             အောက်တိုဘာ၁၆

အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူ မြန်မာနိုင်ငံသား ကိုးဦးတို့သည် ရိခေါ်ဒါရ်မြို့ရှိ မြန်မာ-အိန္ဒိယနှစ်နိုင်ငံနယ်စပ်မှတစ်ဆင့် အောက်တိုဘာ ၁၆ ရက်က ရိခေါ်ဒါရ်မြို့သို့ရောက်ရှိလာကြပြီး အထကခွဲကျောင်းရှိ Facility Quarantine နေရာ၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိ ခဲ့ကြောင်း သိရသည်။ အဆိုပါ အိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများသည် အမျိုးသား တစ်ဦးနှင့် အမျိုးသမီး ရှစ်ဦးတို့ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့၊ တာဟန်းရပ်ကွက်နှင့် လက်ပံချောင်း ကျေးရွာတို့၌   နေထိုင်သူများဖြစ်ကြပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ အိုင်ဇောလ်မြို့နှင့် ကျမ်ဖိုင်မြို့များသို့ သွားရောက်ခဲ့ရာမှ နေရပ်ပြန်လာကြသူများဖြစ်ကြောင်း၊ အဆိုပါ နေရပ် ပြန်လာသူများအား ရိခေါ်ဒါရ်မြို့ ပြည်ပမှပြန်လာသူများ ကြိုဆိုလက်ခံရေးစခန်း၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ လဝကဌာန၊ မီးသတ်ဌာနနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့များဖြင့် စစ်ဆေးလက်ခံခဲ့ခြင်းဖြစ်ပြီး၊ ၎င်း၏ ကျန်းမာရေးအခြေအနေကို စစ်ဆေးဆောင်ရွက်ခဲ့ရာ လက်ရှိအခြေအနေအထိ ကျန်းမာရေး အခြေအနေကောင်းမွန်လျက်ရှိကြောင်း သိရသည်။ အဆိုပါ နေရပ်ပြန်လာသူ ကိုးဦးတို့သည် ရိခေါ်ဒါရ်မြို့ အထကခွဲကျောင်းရှိ Facility Quarantine Center ၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားရှိခဲ့ကြောင်း၊ ရိခေါ်ဒါရ်မြို့ Facility Quarantine နေရာတွင် လက်ရှိအခြေအနေ၌အသွားအလာစောင့်ကြည့်ထားရှိသူ ၂၁ ဦးရှိကြောင်း သိရသည်။

စာစုများ -