ကန်ပက်လက်မြို့နယ် စစ်မှုထမ်းဟောင်းမိသားစုများအား အခြေခံစားကုန်ပစ္စည်း(၃)မျိုး ထောက်ပံ့ပေး

ကန်ပက်လက်             အောက်တိုဘာ၁၇

ကိုဗစ်-၁၉ရောဂါဖြစ်ပွားနေစဉ်အတွင်း စားနပ်ရိက္ခါဖူလုံစေရန်ရည်ရွယ်၍ မြန်မာနိုင်ငံစစ်မှုထမ်း ဟောင်း အဖွဲ့ချုပ်မှ ကန်ပက်လက်မြို့နယ်အတွင်းရှိ စစ်မှုထမ်းဟောင်း မိသားစုနှင့် စစ်မှုထမ်းဟောင်း အဖွဲ့ဝင်များအား အခြေခံစားကုန်(၃)မျိုးထောက်ပံ့ပေးခြင်ကို မြို့နယ်စစ်မှုထမ်းဟောင်းရုံး၌ ယနေ့ နေ့လည်ပိုင်းတွင် ပြုလုပ်ခဲ့ကြသည်။ အဆိုပါစားကုန်ပစ္စည်း(၃)မျိုးမှာ ဆန်၊ ဆီ၊ ကုလားပဲ တို့ဖြစ်ပြီး တစ်ဉီးလျှင် ဆန်(၄)ပြည်၊ ဆီ လီတာဝက်၊ ကုလားပဲနို့ဆီဗူး(၂)ဗူးစီကို အောက်တိုဘာလ (လဝက်)အတွက် မြို့နယ်စစ်မှုထမ်းဟောင်း ဥက္ကဌ ဉီးမန်းမောင် နှင့်အဖွဲ့ဝင်များက စစ်မှုထမ်ဟောင်း မိသားစုများအား ထောက်ပံ့ပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါသည်။ ယင်းထောက်ပံ့ပေးမှုမှာ စတုတ္ထအကြိမ်မြောက်ဖြစ်ပြီး ယခုတစ်ကြိမ်တွင် အောက်တိုဘာလ (လဝက်)အတွက်သာ ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း၊ ကန်ပက်လက်မြို့နယ်တွင် စစ်မှုထမ်းဟောင်းမိသားစု စုစုပေါင်း (၉၁)ဉီးရှိကြောင်းနှင့် ကိုဗစ်ကာလအတွင်း စစ်မှုထမ်းဟောင်း မိသားစုများအား လိုအပ်သလို ဆက်လက်ထောက်ပံ့ပေးသွားကြမည်ဖြစ်ကြောင်း သိရပါသည်။
စာစုများ -