COVID-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေလှူဒါန်း

ဟားခါး     အောက်တိုဘာ ၁၉

ဟားခါးပြည်သူ့ဆေးရုံကြီးတွင် COVID-19​ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေ ပေးအပ် လှူဒါန်းခြင်းကို အောက်တိုဘာ ၁၉ရက်နေ့က ဟားခါးမြို့၊ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။အဆိုပါ လှူဒါန်းပေးအပ်ရာတွင် ငွေကျပ် (၂)သိန်းကို ဟားခါးပြည်သူ့ ဆေးရုံကြီးတွင် COVID-19​ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် ချင်းပြည်နယ် ဗဟိုစာရင်းအင်းအဖွဲ့၊ ပြည်နယ်ဦးစီးမှူး ဒေါ်စန်းစန်းနုနှင့်ဝန်ထမ်းများမှ ပေးအပ်လှူဒါန်းခဲ့ရာ ဟားခါးပြည်သူ့ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်က လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။COVID-19​ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ဟားခါးပြည်သူ့ ဆေးရုံကြီးတွင် COVID-19​ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူရှင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

စာစုများ -