တွန်းဇံဒေသဖွံဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေးလျက်ရှိ

တွန်းဇံ     အောက်တိုဘာ      ၁၉

ချင်းပြည်နယ်၊ တွန်းဇံမြို့၌ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ (၁၉) ရက် နေ့ နံနက်(၁၀)နာရီ အချိန်တွင်  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ချင်းပြည်နယ် ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူများသည် ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ(ပိုးစာခြံ)တွင် ဆောင်ရွက်လျက်ရှိသည့် တည်ဆောက်ရေးလုပ်ငန်းများကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ချင်းပြည်နယ် ဦးစီးမှူး ဦးအောင်မျိုးဦးနှင့် တာဝန်ရှိသူများသည် ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ(ပိုးစာခြံ)တွင် ဆောင်ရွက်လျက်ရှိသည့်  ပိုးမွေးရုံအဆောက်အဦးသစ် ဆောက်လုပ် ပြီးစီးမှု အခြေအနေ၊ ဓါတ်ခွဲခန်း အဆောက်အဦးသစ် ဆောက်လုပ်ပြီးစီးမှုအခြေအနေ၊ အအေးခန်းအဆောက်အဦးသစ် ဆောက်လုပ်ပြီးမှု အခြေအနေနှင့် အဆောက်အဦးဟောင်းများ ပြန်လည်ပြုပြင်ရန် လိုအပ်မှုအခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြသည်။ ထို့နောက် ဝါနှင့်လျှော်မျှင်ထွက် သီးနှံဌာနခွဲ (ပိုးစာခြံ)တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများနှင့်တွေ့ဆုံပြီး ဝန်ထမ်းများ၏ အခက်အခဲများကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ(ပိုးစာခြံ)သည် မြေဧရိယာ (၉၄.၅၉၄)ဧကရှိပြီး ပိုးစာပင်(၁၅)ဧက၊ မျောက်ငိုပင်(၂၄)ဧက စိုက်ပျိုးထားရှိလျက်ရှိသည်။ တွန်းဇံမြို့ ဝါနှင့်လျှော်မျှင်ထွက်သီးနှံဌာနခွဲ(ပိုးစာခြံ)တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှ စတင်ပြီး ပိုးမွေးမြူရေး လုပ်ငန်းများကို စတင်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

စာစုများ -