ဟားခါး အောက်တိုဘာ ၁၉
Coronavirus Disease 2019(COVID-19) ကာကွယ်၊ ထိန်းချုပ်ရေးနှင့်အရေးပေါ် တုံ့ပြန်ရေးကာလအတွင်း ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီဝင်များက ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ နှာခေါင်းစည်းMaskများ၊ လက်အိတ်များကို စနစ်တကျတပ်ဆင်၍ အောက်တိုဘာလ ၁၉ ရက်နေ့ နံနက် ၉နာရီအချိန်က ဟားခါးမြို့ပေါ် ရပ်ကွက်များရှိ စားသောက်ဆိုင်များ၊လက်ဖက်ရည်ဆိုင်များနှင့် စျေးဆိုင်များအားလုံးသို့ ရောက်ရှိပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ၊ မရှိ စစ်ဆေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်ခဲ့ကြကြောင်း သိရှိရသည်။ ဟားခါးမြို့နယ် COVID-19 ကာကွယ်ရေးနှင့် တုံ့ပြန်ဆောင်ရွက်ရေးလုပ်ငန်းကော်မတီဝင်များက စားသောက်ဆိုင်များ၊ လက်ဖက်ရည်ဆိုင်များနှင့် စျေးဆိုင်များတွင် Hand Gel ထားရှိမှု ရှိ၊ မရှိ၊ စျေးဝယ်သူများနှင့် စျေးရောင်းသူများ Mask တပ်ဆင်မှု ရှိ၊ မရှိ၊ နေရာအကွာအဝေး သတ်မှတ်ရောင်းချမှု ရှိ၊ မရှိ အပါအဝင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော ကျန်းမာရေးဆိုင်ရာညွှန်ကြားချက်များနှင့်အညီ ရောင်းချမှုများ ရှိ၊ မရှိကို အရှိန်အဟုန်မြှင့် စစ်ဆေးပြီး လိုက်နာမှု မရှိသူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဉပဒေဖြင့် အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ဟားခါးမြို့တွင် COVID-19 ရောဂါပိုး တွေ့ရှိမှု ပိုမိုများပြားလာသဖြင့် ကွင်းဆင်းဆောင်ရွက်မှုများကို ပိုမိုတင်းကြပ်စွာ ဆောင်ရွက်လာခြင်းဖြစ်ကြောင်း၊ အဆိုပါကွင်းဆင်းစစ်ဆေးမှုများကို တစ်လလျှင် ၁၂ ကြိမ်နှုန်း ဖြင့် ကွင်းဆင်းစစ်ဆေးလျက်ရှိကြောင်း သိရှိရသည်။