တီးတိန် အောက်တိုဘာ ၁၉
ချင်းပြည်နယ်၊ တီးတိန်မြို့၌ မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာကာကွယ်ဆေးအကြောင်း အသိပညာပေးဆွေးနွေးပွဲကို အောက်တိုဘာ ၁၉ ရက် နံနက် ၉ နာရီတွင် ပြည်သူ့ဆေးရုံအစည်းအဝေး ခန်းမ၌ ပြုလုပ်သည်။ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးလှစိုးက အမှာစကား ပြောကြားသည်။ ဆက်လက်၍ မြို့နယ်ဆေးရုံအုပ် ဒေါက်တာဇော်မြင့်နိုင်က သားအိမ်ခေါင်းကင်ဆာနှင့်ပတ်သက်သည့် လုပ်ငန်းစဥ်များအကြောင်း ဆွေးနွေးသည်။ ဆွေးနွေးပွဲတွင် ဖိတ်ကြားထားသည့် ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှူရေးအဖွဲ့များ တက်ရောက်ကြပြီး သိရှိလိုသည့် အကြောင်းအရာများ မေးမြန်းဆွေးနွေးခဲ့ကြသည်။ သားအိမ်ခေါင်းကင်ဆာအများစုသည် ပထမအဆင့် ကာကွယ်ခြင်းဖြစ်သည့် အိတ်ချ်ပီဗီကာကွယ်ဆေးထိုးခြင်းနှင့် ဒုတိယအဆင့် ကာကွယ်ခြင်းဖြစ်သည့် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်စစ်ဆေးခြင်းနှင့် တတိယအဆင့် ကာကွယ်ခြင်းဖြစ်သည့် လိုအပ်သောကုသမှုတို့ကို တစ်ပြိုင်နက် လုပ်ဆောင်ခြင်းတို့ဖြင့် ထိရောက်စွာ ကာကွယ်နိုင်ကြောင်း သိရသည်။