တီးတိနိ၌ ၂၀၂၀ပြည့်နှစ်၊အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ဒုမဲရုံမှူးသင်တန်း တက်ရောက်မည့် မြို့နယ်ခြားမှ ကျောင်းဆရာ/ဆရာမများတွင် ကိုဗစ် -ရောဂါပိုး မတွေ့

တီးတိန်     အောက်တိုဘာ      ၂၀

ချင်းပြည်နယ်၊ တီးတိန်မြို့၌ ၂၀၂၀ပြည့်နှစ်၊ အထွေထွေရွေးကောက်ပွဲအတွက် မဲရုံမှူး၊ဒု-မဲရုံမှူးသင်တန်းတက်ရောက်မည့် မြို့နယ်ခြားမှ ကျောင်းဆရာ/ဆရာမ ၂၅ ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ အောက်တိုဘာ ၁၉ ရက်နေ့က စစ်ဆေးရာ ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။

အဆိုပါ ကျောင်းဆရာ/ဆရာမ တို့သည် ယခုလ ၁၁ ရက်နေ့မှစတင်၍ တီးတိန်မြို့ အထက-၂ ၌ Facility Quarantine ဝင်ရောက်ခဲ့ကာ ယနေ့တွင် ၄င်းတို့၏ Swab များကို ဓာတ်ခွဲစစ်ဆေးခဲ့ခြင်းဖြစ်သည်။

သင်တန်းကာလမှာ အောက်တိုဘာ ၂၂ ရက်နေ့မှ ၂၄ ရက်နေ့အထိဖြစ်ပြီး သင်တန်းသား/သင်တန်းသူ  ၂၈၀ ဦးအား အဖွဲ့ (၆)ဖွဲ့ခွဲကာ အသုတ်လိုက်တက်ရောက်ပို့ချမည်ဖြစ်ကြောင်း တီးတိန်မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

 

စာစုများ -