တီးတိန်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုဘေးသင့်အိမ်ထောင်စု (၁)စုအား ထောက်ပံ့ငွေ ပေးအပ်

တီးတိန်     အောက်တိုဘာ     ၂၀

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၌ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့သည့် မြေပြိုဘေးသင့်အိမ်ထောင်စု(၁)စုအား ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ တီးတိန်မြို့နယ်ဦးစီးမှူး ဦးဇော်လင်းထွေးက ယနေ့ နံနက် ၁၀ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ထောက်ပံ့ငွေများ ပေးအပ် သည်။ ထိုသို့ပေးအပ်ရာတွင် နေအိမ်ဖြိုဖျက်ပြောင်းရွှေ့ခဲ့သည့် တီးတိန်မြို့နယ်၊ လိုင်တွီးကျေးရွာနေ ဒေါ်ဂင့်ထိပ်ဝုန် မိသားစုအတွက် အိမ်ဆောက်ပစ္စည်း ငွေကျပ် (၁၀၀၀၀၀/-)နှင့် (၇) ရက်စာ ရိက္ခာဖိုး ငွေကျပ် (၂၁၀၀၀/-)၊ စုစုပေါင်းငွေကျပ် (၁၂၁၀၀၀/-)ကို ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

စာစုများ -