ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိသည့် အထူးရဲသင်တန်းသား တစ်ဦး ဆေးရုံမှ ဆင်းခွင့်ပြု
ဖလမ်း အောက်တိုဘာ ၂၀
ဖလမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုး ပထမဆုံးတွေ့ရှိသည့် အထူးရဲသင်တန်းသား တစ်ဦးကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် အောက်တိုဘာ ၂၀ ရက် နံနက် ၁၀ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုပြီး နေအိမ်သို့ Home Quarantine ဖြင့် (၇)ကြာ ဆက်လက်နေထိုင်မည်ဖြစ်သည်။
အဆိုပါ အထူးရဲသင်တန်းသားသည့် ဖလမ်းမြို့၊ အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းတွင် အထူးရဲသင်တန်းတက်ရောက်နေစဉ် အထူးရဲ သင်တန်းသားများအား ကျန်းမာရေးဝန်ထမ်းများက အောက်တိုဘာ ၉ ရက်နေ့ တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ /မရှိကို Antigen Test Kit ဖြင့် စစ်ဆေးရာတွင် ပိုးတွေ့ရှိခြင်း ဖြစ်သည်။ အထူးရဲသင်တန်းသားကို ဖလမ်းမြို့၊ ပြည်သူ့ဆေးရုံ ကြီး Isolation Ward ၌ (၁၁)ရက်ကြာ ဆေးကုသမှုခံယူပြီးနောက် ကိုဗစ်-၁၉ ရောဂါလက္ခဏာမရှိသည့်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် ဆေးရုံမှ ဆင်းခွင့်ပြုခြင်းဖြစ်ကြောင်းနှင့် အဆိုပါအထူးရဲ သင်တန်းသားသည် ဖလမ်းမြို့နယ်၊ လှောင်မွာလ်ကျေးရွာနေ အသက်(၁၈)နှစ် အမျိုးသားဖြစ်ကြောင်းသိရသည်။
စာစုများ -