သားအိမ်ခေါင်းကင်ဆာ (အိတ်ချ်ပီဗီ) ကာကွယ်ဆေး စတင်ထိုးနှံခြင်း အခမ်းအနားကျင်းပ
ကန်ပက်လက် အောက်တိုဘာ ၂၀
မြို့နယ်အဆင့် သားအိမ်ခေါင်းကင်ဆာ (အိတ်ချ်ပီဗီ) ကာကွယ်ဆေးကို ပုံမှန် ကာကွယ်ဆေးထိုး အစီအစဉ်တွင် စတင်ထည့်သွင်းထိုးနှံခြင်းဖွင့်ပွဲ အခမ်း အနားကို ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးရုံး ရှေ့၌ ယနေ့နံနက် ၁၀ နာရီက ပြုလုပ်သည်။
အဆိုပါ ဖွင့်ပွဲကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချန်ဖီယာန်နှင့် မြို့နယ်ဆရာဝန်ကြီး ဒေါက်တာပေါင်ရှန်းလျန်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြပြီး သိရှိရမည့် အချက်(၁၆)ချက် ပါရှိသည့် လမ်းညွှန်လက်ကမ်းစာစောင်များကို အခမ်းအနား တက်ရောက်ကြသည့် နိုင်ငံ့ဝန်ထမ်းများ၊ လူမှုရေးအသင်းအဖွဲ့များသို့ ပေးဝေခဲ့ ကြပါသည်။
ဆက်လက်၍ အသက်(၉)နှစ်မှ (၁၀)နှစ်အတွင်းရှိ မိန်းကလေးများကို စတင်၍ ကျန်းမာရေး ဆရာမများက သားအိမ်ခေါင်းကင်ဆာ (အိတ်ချ်ပီဗီ) ကာကွယ် ဆေးကို အခမဲ့ထိုးနှံပေးခဲ့ကြကြောင်း၊ အဆိုပါကာကွယ်ဆေးသည် (၂) ကြိမ် ထိုးနှံရမည်ဖြစ်ပြီး ယခုထိုးနှံပေးပြီးနောက် (၁၂) လအကြာတွင် ဒုတိယအကြိမ် ဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်း သိရသည်။
စာစုများ -