ဖလမ်းမြို့နယ်၊ ဇာထလှီရ်ကျေးရွာရှိ ထန်ကျုံးနုန်စာကြည့်တိုက်ကို ပြည်နယ်ဝန်ကြီးချုပ်က ဖွင့်လှစ်ပေး

ဖလမ်း အောက်တိုဘာ ၂၁

ဖလမ်းမြို့နယ်၊ ဇာထလှီရ်ကျေးရွာရှိ ထန်ကျုံးနုန်စာကြည့်တိုက်ဖွင့်ပွဲကို အောက်တိုဘာ ၂၀ ရက်မွန်းလွဲပိုင်းက ပြုလုပ်ကာ ပြည်နယ်ဝန်ကြီးချုပ်က တက်ရောက်ဖွင့်လှစ်ပေးသည်။
အဆိုပါ စာကြည့်တိုက်ကို ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးဆလိုင်းလျန်လွယ်၊ ထန်းကျုံးနုန်၏မြေး ဒေါ်တီာလ်တင်ပါရ်နှင့် ရပ်မိရပ်ဖဦးဆွေးအဲရ်တို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးသည်။ ထို့နောက် စာကြည့်တိုက်ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပကာ ပြည်နယ်ဝန်ကြီးချုပ်က အမှာစကားပြောကြားပြီး ပြည်နယ်စာရင်းစစ်ချုပ် ဦးလာလ်တင်မန်က စာကြည့်တိုက်အောင်မြင်စွာဖွင့်လှစ်နိုင်ရေး ဆောင်ရွက်မှုအခြေအနေများကို ရှင်းလင်းသည်။
အဆိုပါစာကြည့်တိုက်ကို ထန်ကျုံးနုန် မြေးများက ကျေးရွာအတွက် သိန်း(၃၀၀)ခန့်ကုန်ကျခံကာ ဆောက်လုပ်ပေးပြီး စာကြည့်တိုက်တွင် သုတ ရသ စာအုပ်ပေါင်း ၁၀၀၀ ကျော်ခန့်ရှိကြောင်းသိရသည်။

စာစုများ -