၂၀၂၀ ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၀) စတင်ဖွင့်လှစ်

ဟားခါး     အောက်တိုဘာ     ၂၃

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်များ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၀)ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အောက်တိုဘာ ၂၃ရက်နေ့ နံနက် ၈နာရီခွဲက စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရှိရသည်။

ရှေးဦးစွာ သိက္ခာတော်ရ ဆရာတော် နောလ်ကျုံးလျန်က အဖွင့်ဆုတောင်းပေးခဲ့ပြီ ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးအုပ်နောလ်က ၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံမှူးနှင့်ဒုမဲရုံမှူး သင်တန်းတွင် တက်ရောက်လာကြသည့် ပညာရေးဌာနမှ ဆရာ၊ဆရာမများအနေဖြင့် သင်တန်းတွင် ပို့ချသင်ကြားပေးသည့် လိုက်နာရမည့် အချက်များကို ကြိုးစားသင်ယူပေးကြရန်နှင့် လက်တွေ့တွင် စနစ်တကျ အသုံးချဆောင်ရွက်ပေးကြရန်များ ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ရွေးကောက်ပွဲဆိုင်ရာ ပညာပေးသင်တန်းအမှတ်စဉ် (၁/၂၀၂၀)သင်တန်းပို့ချခြင်းကို ဆောင်ရွက်ခဲ့ရာ  ဟားခါးမြို့နယ်အတွင်း မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့်မဲရုံအဖွဲ့ဝင်တာဝန် ထမ်းဆောင်မည့် ပညာရေးဌာနမှ သင်တန်းသား (၆၀)ဦးတက်ရောက် ခဲ့ကြပြီး  သင်တန်းနည်းပြဆရာများအဖြစ် ပြည်နယ်၊ခရိုင်၊မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၊ ကျန်းမာရေးဌာန၊ ပညာရေးဌာန၊ ဉပဒေရုံး၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ ဦးစီးဌာနတို့မှ ကဏ္ဍအလိုက်တာဝန်ရှိသူများက သင်ကြားပို့ချပေးခဲ့ကြောင်း သိရှိရသည်။

၂၀၂၀ ပြည့်နှစ် ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဟားခါးမြို့နယ်အတွင်းရှိ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်သင်တန်းအမှတ်စဉ်(၁/၂၀၂၀)တွင် ပညာရေးဌာနမှ သင်တန်းသား (၆၀)ဦးကို အောက်တိုဘာ ၂၃ရက်နေ့မှ သင်တန်းကာလ (၂)ရက်ကြာပို့ချပေးမည်ဖြစ်ကြောင်း၊ သင်တန်းအမှတ်စဉ် (၂/၂၀၂၀) တွင် သင်တန်းသား (၆၀)ဦး၊ သင်တန်းအမှတ်စဉ်(၃/၂၀၂၀)တွင် သင်တန်းသား (၇၀)ဦး  ဟားခါးမြို့နယ်အတွင်းရှိ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင်သင်တန်းသား စုစုပေါင်း(၁၉၀)ဦး ရှိပြီး သင်တန်းကာလကို ၂ ရက်နှုန်းဖြင့် သင်တန်းအမှတ်စဉ်(၃)ခုခွဲ၍ သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်းသိရှိရသည်။

ဟားခါးမြို့နယ်အတွင်း မဲရုံ(၉၅)ရုံရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ​ပေါင်း(၃၉၁၂၃)ဦးရှိကြောင်း ဟားခါးမြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲအတွင်းရေးမှူး ဦးထောင်ဇဆန်းထံမှ သိရှိရသည်။

စာစုများ -