ကျီခါးမြို့၌ Quarantine ၀င်ရောက်မှု သတ်မှတ်ကာလပြည့်ပြီး ရောဂါပိုးမတွေ့သူ အမျိုးသား ( ၅ ) ဦးအား ကျန်းမာကြောင်း  ထောက်ခံစာများပေးအပ်ပြီး ပြန်လည်စေလွှတ်  

ချင်းပြည်နယ်၊ကျီခါးမြို့၌ အိန္ဒိယနိုင်ငံမှပြန်လည်၀င်ရောက်လာသည့်နေရပ်ပြန်များအားမြန်မာ-အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် ပြန်လည်လက်ခံ၍  အသွားအလာကန့်သတ်ပြီး  ကျန်းမာရေးစောင့်ကြည့်ဆောင်ရွက်ထားလျက်ရှိရာ ယနေ့နံနက် ( ၈ ) နာရီအချိန်က Facility Quarantine  ၀င်ရောက်မှု သတ်မှတ်ကာလ ပြည့်ပြီး Swab နမူနာ( ၂ )ကြိမ်စစ်ဆေးရာ ရောဂါပိုးမတွေ့သူ အမျိုးသား (၅)ဦးအား  ကျန်းမာကြောင်းထောက်ခံစာများပေးအပ်ပြီး ပြန်လည် စေလွှတ်ခဲ့ကြောင်းသိရသည်။    အဆိုပါ Quarantine၀င်ရောက်မှု သတ်မှတ်ကာလပြည့်သဖြင့် ပြန်လည်စေလွှတ်သူအမျိုးသား(၅)ဦးမှာ အိန္ဒိယနိုင်ငံမှနေရပ်ပြန်လာ သည့် ကျီခါးမြို့အမှတ်(၁)ရပ်ကွက်မှအသက်(၁၈)နှစ်ရွယ်အမျိုးသား (၁)ဦး၊ တီးတိန်မြို့နယ် ၊တွီးထန်ကျေးရွာမှ အသက်(၃၃)နှစ်၊အသက် (၂၀)နှစ်၊အသက်(၂၁)နှစ်နှင့်အသက်(၂၀)အရွယ် အမျိုးသား(၄)ဦး  စုစုပေါင်းအမျိုးသား(၅)ဦးဖြစ်ကြောင်းနှင့် ၎င်းတို့အား ကျီခါးမြို့ ကိုဗစ်-၁၉ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီအဖွဲ့မှ ကျန်းမာကြောင်းထောက်ခံစာများ  ပေးအပ်ပြီး မိမိတို့သက်ဆိုင်ရာနေအိမ်များ၌ Home Quarantine (၇)ရက် ဆက်လက်ထပ်မံနေထိုင်စေရေးလမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။ 

စာစုများ -