ချင်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အောက်တိုဘာ ၂၃ရက် မွန်းလွဲ ၃နာရီအချိန်က ဟားခါးမြို့၊ ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။ အစည်းအဝေးတွင် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဉက္ကဌ ဦးအုပ်နောလ်က ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ပြည်နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်များအနေဖြင့်  မိမိတာဝန်ကျရာ ခရိုင်နှင့်မြို့နယ်များသို့ ကြီးကြပ်ဆောင်ရွက် ပေးကြရန်နှင့် ဝိုင်းဝန်ပူးပေါင်းဆောင်ရွက်ပေးကြရန် အဖွင့်အမှာစကားပြောကြားပြီးနောက် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူးဦးလင်းကျော်က ၂၀၂၀ပြည့်နှစ် အထွေထွေရွေးကောက်ပွဲအတွက် ချင်းပြည်နယ်အတွင်းမဲဆန္ဒနယ် ပြင်ပရောက်သူများ ကြိုတင်မဲပေးနိုင်ရေး ဆောင်ရွက်ထားမှုအခြေအနေများ၊မဲရုံမှူး၊ဒုတိယမဲရုံမှူးနှင့်မဲရုံ အဖွဲ့ဝင်များအား ရွေးကောက်ပွဲဆိုင်ရာ သင်တန်းပေးဆောင်ရွက်ထားမှုအခြေအနေများ၊ ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများ၏အမည်စာရင်းများ နှစ်ကြိမ် ကပ်ထားကြေညာပြီးစီးမှုအခြေအနေများနှင့် COVID-19​ရောဂါဖြစ်ပွားသည့်ကာလအတွင်းဖြစ်သည့်အတွက် ကျန်းမာရေးဆိုင်ရာ အကာအကွယ်များဆောင်ရွက်သွားမည့်အခြေအနေများအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ဆောင်ရွက်ထားမှု  အခြေအနေများနှင့်  ပတ်သက်၍  ရှင်းလင်းဆွေးနွေးတင်ပြခဲ့သည်။   ထို့နောက် တက်ရောက်လာကြသည့် ပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များက  ကဏ္ဍအလိုက်  ဆွေးနွေးခဲ့ကြပြီး   ဆွေးနွေးချက်များအပေါ်   ပြည်နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဉက္ကဌ ဦးအုပ်နောလ်က ဖြည့်စွက်ဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရှိရသည်။ ချင်းပြည်နယ်အတွင်း မြို့နယ်(၉)မြို့နယ်၌ မဲရုံပေါင်း(၁၁၁၄)ရုံ ရှိပြီး ဆန္ဒမဲပေးပိုင်ခွင့်ရှိသူပေါင်း (၃၃၁၆၉၈)ဦး ရှိကြောင်း သိရှိရသည်။

စာစုများ -