ကျီခါးမြို့၌ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းဆောင်ရွက်

ကျီခါး            နို၀င်ဘာ၉ 

ချင်းပြည်နယ် ၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌  ၂၀၁၉-၂၀၂၀ မိုးစပါးစံကွက်ရိတ်သိမ်းခြင်းကို  စိုက်ပျိုးရေးဦးစီးဌာနနှင့်  လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနတို့ပူးပေါင်းပြီး  တောင်သူဦးလျန်ခန့်ခိုင်၊ဦးထန်ဆွင်းငင့်နှင့်ဦးပေါင်လမ့်ကျင့်တို့၏ လယ်ဧက(၆)ဧကတွင်  ယနေ့နံနက်(၁၀)နာရီအချိန်က စံကွက်ရိတ်သိမ်းခြင်းစုပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။ အဆိုပါစံကွက်ရိတ်သိမ်းရာတွင် ကျီခါးမြို့စိုက်ပျိုးရေးဦးစီးဌာန၊လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာနမှ ၀န်ထမ်းများနှင့် စပါးစိုက်‌‌တောင်သူများ ပူးပေါင်းပြီးစိုက်နည်းစနစ်အလိုက်စိုက်ပျိုးထားသော ရွှေရင်အေးနှင့် ဧည့်မထမိုးစပါးစိုက်ကွက်အား စံကွက်အ
ဖြစ်ရိတ်သိမ်းခဲ့ခြင်းဖြစ်ပြီး ယခင်နှစ်ထက် အထွက်နှုန်းတိုးလာခဲ့ကြောင်းနှင့်စိုက်နည်းစနစ်အလိုက် SRIစိုက်ပျိုးနည်းစံပြကွက်နေရာတွင် တစ်ဧကလျှင် တင်း(၁၃၀) ၊ ဓါတ်မြေဩဇာအချိုးကျစံပြကွက် နေရာတွင် တစ်ဧကလျှင်(၇၈)တင်းနှင့်မိရိုးဖလာစိုက်ပျိုးသည့်နေရာတွင် တစ်ဧကတင်း(၇၀)နှုန်းထွက်ရှိကြောင်း သိရသည်။ ကျီခါးမြို့တွင် တောင်သူများမှမိသားစုစား၀တ်နေရေးအထောက်အကူပြုစေရေးနှင့် ၀င်‌ငွေတိုးပွားစေရေးတို့အတွက် စိုက်ပျိုးရေးဦးစီးဌာန၏ အနီးကပ်ကြီးကြပ်မှုဖြင့် မိုးစပါးများကို စိုက်ပျိုးထားလျက်ရှိကြောင်းနှင့် ကျီခါးမြို့တွင် မိုးစပါးစိုက်ပျိုးသည့်တောင်သူ( ၅၀ )ဦးနှင့်စပါးစိုက်ဧက (၁၃၂)ဧကရှိကြောင်း ကျီခါးမြို့စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
စာစုများ -