ခိုင်ကမ်းမြို့ရှိ ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိစစ်ဆေးသည့် ဂိတ်အတွက် ကျန်းမာရေးဌာနသုံး ပစ္စည်းများလှူဒါန်း

ခိုင်ကမ်း         နိုဝင်ဘာ၁၂

 ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ ရှိ အခြေခံပညာအထက်တန်းကျောင်းတွင် ချင်းပြည်နယ်သို့တက်မည့် အရေးကြီးကုန်စည်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို မြို့ကျေးလက်ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောပိုး ရှိ/မရှိ နေ့စဉ် နံနက် ၈ နာရီမှ စတင်ကာစစ်ဆေးပေးလျက်ရှိပါသည်။ ယခင်က ချင်းပြည်နယ်မြောက်ပိုင်း ဖလမ်း၊ဟားခါး၊ထန်တလန်၊တီးတိန်၊ တွန်းဇံ၊ ကျီခါး၊ ရိခေါဒါရ်မြို့များသို့ သွားရောက်မည့်ကားများအား စစ်ဆေးပေးရာမှ နိုဝင်ဘာလ ၇ ရက်နေ့မှစတင်ကာ တီးတိန်  တွန်းဇံ ကျီခါး ရိခေါ်ဒါရ် မြို့သို့သွားရောက်မည့် အရေးကြီးကုန် စည်တင်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များကို Test Kid အခြေအနေအရ စစ်ဆေးပေးလျက်ရှိပါသည်။ ဟားခါး ဖလမ်း ထန်တလန် မြို့များသို့သွားရောက်မည့် အရေးကြီးကုန်စည်တင်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအတွက် ဖလမ်းမြို့အဝင်တွင်စစ်ဆေးလျက်ရှိ ကြောင်းသိရှိရပါသည်။ သို့ဖြစ်ရာ ခိုင်ကမ်းမြို့ ကိုဗစ်-၁၉ ကျန်းမာရေးစစ်ဆေးရေးဂိတ်တွင် တာဝန်ထမ်း ဆောင်လျက်ရှိသော ကျေးလက်ကျန်းမာရေးဌာနမှ ဝန်ထမ်းများလိုအပ်လျက်ရှိသည့် ကိုဗစ်-၁၉ ရောဂါရှိ/မရှိစစ်ဆေးရာတွင်အသုံးပြုသည့်လုပ်ငန်းသုံး PPE (၁၀)စုံ၊ လက်အိတ် (၅)ဗူး၊ ခေါင်းစွပ် (၄)ထုတ်၊KN 95 Mask ၇၀ ခု ၊ Face Shield (၁၀)ခု ကို ကလေး-ရိခေါ်ဒါရ် ပြေးဆွဲလျက်ရှိသည့် တော်ဝင်အောက်ချင်းဂိတ်မှ  တာဝန်ရှိသူများထံသို့ လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။ ချင်းပြည်နယ်အတွင်းဝင်ရောက်မည့်ယာဉ်မောင်းနှင့်ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ  RDT Test Kid ဖြင့်စစ်ဆေးရာတွင် Test Kid လိုအပ်ချက်အရ တစ်ရက်လျှင် ပျှမ်းမျှ ၄၀ ဦး မှ ၅၀ ဦးအထိသာ စစ်ဆေးနိုင်ကြောင်း သိရှိရသည်။

စာစုများ -