ဟားခါးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စု (၂၇၀၂)စုတို့အားစတုတ္ထအကြိမ် ထောက်ပံ့ငွေများပေးအပ်

ဟားခါး            နိုဝင်ဘာ၁၂

COVID-19 စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက်(CERP)အစီအစဉ်အရ ချင်းပြည်နယ် ၊ ဟားခါးမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာအုပ်စုများမှ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုဝင်များအတွက် နိုင်ငံတော်မှစတုတ္ထအကြိမ် ထောက်ပံ့ငွေပေးအပ်ခြင်းကို နိုဝင်ဘာ ၁၂ ရက် နံနက် ၁၀ နာရီခွဲ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဉီးမြင့်ဉီးနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများက တစ်အိမ်တက်ဆင်း ပြည်သူများ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။ ဟားခါးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက် (၁၀)ခုနှင့် ကျေးရွာအုပ်စု (၂၉)အုပ်စု စုစုပေါင်း (၃၉)နေရာတွင် ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား အိမ်ထောင်စုတစ်စုလျှင် ငွေကျပ်(၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၂၇၀၂)စုတို့အတွက် ငွေကျပ် (၅၄၀၄၀၀၀၀)အား တစ်အိမ်တက်ဆင်း ပြည်သူများ လက်ဝယ်အရောက် စတုတ္ထအကြိမ်ထောက်ပံ့ပေးလျက်ရှိကြောင်း သိရှိရသည်။

စာစုများ -