တီးတိန်မြို့ အဝင်အထွက်(၃)နေရာဂိတ်များတွင် ကိုဗစ်ရောဂါ တားဆီးကာကွယ်ထိန်းချုပ်ရေး အရှိန်အဟုန်မပြတ် ဆောင်ရွက်

တီးတိန်           နိုဝင်ဘာ၁၃

ချင်းပြည်နယ်၊ တီးတိန်မြို့ အဝင်/အထွက် (၃)နေရာဖြစ်သည့် တီးတိန်-ကလေးကားလမ်း၊ တီးတိန်-ရိဒ်ကားလမ်းနှင့် တီးတိန်-တွန်းဇံကားလမ်း အဝင်/အထွက်ဂိတ်များတွင် ကိုဗစ်- ၁၉ ရောဂါ တားဆီးကာကွယ်၊ ထိန်းချုပ်ရေးကို နေ့စဥ်အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိသည်။  ထိုသို့ ဆောင်ရွက်ရာတွင် ခရီးသွားပြည်သူများ၊လမ်းသွားလမ်းလာများအား ပါးစပ်/နှာခေါင်းစည်းတပ်ဆင်ရန် အသိပညာပေးခြင်း၊မြို့နယ်ခြားမှဝင်လာသည့် ခရီးသွားများအားအပူချိန်တိုင်းပေးခြင်း၊ခရီးသွားထောက်ခံစာ ပါ/မပါစစ်ဆေး ခြင်း၊ခရီး သွားမှတ်တမ်းရယူခြင်းနှင့် ကုန်တင်ယာဥ်မောင်းနှင့် ယာဥ်နောက် လိုက်များ ကျန်းမာရေးထောက်ခံချက် ပါမပါစစ်ဆေးခြင်းများ ဆောင်ရွက်သည်။ အဆိုပါစစ်ဆေးရေးဂိတ်များတွင် ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့များ၊ ယာဥ်ထိန်းရဲတပ်ဖွဲ့များနှင့်မီးသတ်တပ်ဖွဲ့ဝင်များ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

စာစုများ -