ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာတစ်ဦးအား ကျန်းမာရေးကောင်းမွန်လျက်ဆေးရုံမှ ဆင်းခွင့်ပြု

ရိခေါ်ဒါရ်        နိုဝင်ဘာ၁၃

ချင်းပြည်နယ်၊ ရိခေါ်ဒါရ်မြို့၌ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ အမျိုးသမီးတစ်ဦးအား ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက်ဖြင့် နိုဝင်ဘာ ၁၃ ရက် နံနက် ၈ နာရီက ဆေးရုံမှ ဆင်းခွင့်ပြုပြီး နေအိမ်သို့ Home Quarantine ဖြင့် (၇) ရက်ကြာ ဆက်လက် နေထိုင်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာသည် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ၏ ၂-၁၁-၂၀၂၀ ရက်နေ့ထုတ်ပြန်ချက်အရ ကိုဗစ်-၁၉ ရောဂါ အတည်ပြုလူနာအမှတ် (၅၃၇၀၇) အမျိုးသမီးအား ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံ Isolation Room ၌ (၁၁)ရက်ကြာ သီးခြား ဆေးကုသမှုခံယူပြီးနောက် ရိခေါ်ဒါရ်တိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန် ဒေါက်တာစန်းမာက Home Quarantine ကာလအတွင်း လိုက်နာရမည့် ကျန်းမာရေးဆိုင်ရာ စည်းကမ်းချက်များနှင့် ဆေးရုံဆင်းလက်မှတ်များကို ပေးအပ်ပြီး ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ခွင့်ပြုချက် ဖြင့် ကျန်းမာရေးအခြေအနေ ကောင်းမွန်စွာ ဆေးရုံမှ ဆင်းခွင့်ပြုထားခြင်းဖြစ်ကြောင်း သိရသည်။ အဆိုပါ အမျိုးသမီးသည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ လက်ပံချောင်း ကျေးရွာ၌ နေထိုင်သူဖြစ်ပြီး အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်မှ ပြီးခဲ့သည့် အောက်တိုဘာ ၂၀ ရက်က နေရပ်ပြန်လာသူဖြစ်၍ ရိခေါ်ဒါရ်မြို့ အခြေခံပညာအထက်တန်းကျောင်းခွဲရှိ Facility Quarantine Centre ၌ အသွားအလာကန့်သတ်စောင့်ကြည့်ထားခဲ့ရာမှ ရိခေါ်ဒါရ်မြို့ တိုက်နယ်ဆေးရုံသို့ သီးခြားဆေးကုသပေးလျက်ရှိခြင်းဖြစ်ကြောင်း သိရသည်။

စာစုများ -