COVID-19​ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေကျပ် ၃ သိန်းလှူဒါန်း

 

 

          ဟားခါးပြည်သူ့ဆေးရုံကြီးတွင် COVID-19​ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ် လှူဒါန်းခြင်းကို နိုဝင်ဘာ ၁၇ရက်နေ့က ဟားခါးမြို့၊ပြည်သူ့ဆေးရုံကြီး၌ ကျင်းပခဲ့ကြောင်း သိရသည်။

          အဆိုပါ လှူဒါန်းပေးအပ်ရာတွင် အလှူငွေကျပ် (၃)သိန်းကို ဟားခါးပြည်သူ့ ဆေးရုံကြီးတွင် COVID-19​ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် အတွက် ဟားခါးကျိမ်နွဲခရစ်ယာန်အမျိုးသမီးအဖွဲ့မှ  ပေးအပ်လှူဒါန်းခဲ့ရာ ဟားခါးပြည်သူ့ ဆေးရုံအုပ်ကြီး ဒေါက်တာဇင်ကိုကိုအောင်က လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။

          COVID-19​ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်း ဟားခါးပြည်သူ့ ဆေးရုံကြီးတွင် COVID-19​ ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင် ရန်အတွက် အလှူရှင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

စာစုများ -