နေရပ်ပြန်လည်ရောက်ရှိလာသူအား အသွားအလာကန့်သတ်မှုဆက်လတ်ဆောင်ရွက်

ချင်းပြည်နယ် ၊ဖလမ်းခရိုင် ၊တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် မလေးရှားနိုင်ငံမှ အလုပ်လုပ် ကိုင်ပြီး ရန်ကုန်မြိုု့မှတစ်ဆင့် ခိုင်ကမ်းမြို့သို့ ယနေ့ ၁၈-၁၁-၂၀၂၀ရက်နေ့ နံနက်၁၀နာရီအချိန်တွင် ပြန်လည်ရောက်ရှိလာသည့် အသက်(၂၂)အရွယ်၊ ခိုင်ကမ်းမြို့ အမှတ်(၄)ရပ်ကွက်နေ အမျိုးသား တစ်ဦးအား ခိုင်ကမ်းမြို့ စည်ပင်ဈေးCBFQ တွင် (၇)ရက်ထပ်မံ အသွားအလာ ကန့်သတ် ဆောင်ရွက် မည်ဖြစ်ပြီး တီးတိန်မြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယအကြိမ် Swab နမူနာ စစ်ဆေး ပေးသွားမည် ဖြစ်ကြောင်းသိရသည်။

မလေးရှားနိုင်ငံမှ ပြန်လည်ရောက်ရှိလာသူမှာ မလေးရှားနိုင်ငံမှ ရန်ကုန်မြို့သို့ ရောက်ရှိ သည့် နေ့၅-၁၁-၂၀၂၀ရက်နေ့ မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်မြောက်ပိုင်းခရိုင်၊ လှည်းကူးမြို့နယ်၊ TTC-CBFQတွင် FQ အဖြစ်(၇)ရက်နေထိုင်ခဲ့ပြီး ပထမအကြိမ် ဓာတ်ခွဲစစ် ဆေးချက်အရ Negative ဖြစ်ပြီး ယခုလက်ရှိအချိန်အထိ ကျန်းမာရေးအခြေအနေ ကောင်းမွန်လျှက် ရှိ ကြောင်း သတင်း ရရှိ သသည်။

 

စာစုများ -