ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး အတွက် ချင်းပြည်နယ်မြောက်ပိုင်းသို့ ဝင်ရောက်မည့် ကား၊ဆိုင်ကယ် ခရီးသွားများ ကြီးကြပ်ဆောင်ရွက်သွားမည်

 ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့သည် ချင်းပြည်နယ်မြောက်ပိုင်း အဝင် အထွက် တံခါးဖြစ်သည့်အပြင် စစ်ကိုင်းတိုင်းဒေသကြီး နယ်နမိတ်ချင်း ထိစပ်လျက်ရှိပါသည်။

          သို့ဖြစ်ရာ တီးတိန်မြို့နယ် COVID- 19 ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေး ကော်မတီက မြို့နယ်အတွင်း COVID- 19 ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ခိုင်ကမ်းပူးပေါင်းစစ်ဆေးရေးဂိတ်တွင် နိုဝင်ဘာ ၁၈ ရက်နေ့မှစ၍  စစ်ကိုင်းတိုင်းဒေသကြီးကလေးမြို့မှ ချင်းပြည်နယ် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့ကို ဖြတ်ကျော်၍ သွားလာရမည့် ဆိုင်ကယ် မော်တော်ယာဉ် များနှင့်  တီးတိန်မြို့နယ်အတွင်းရှိ အများပြည်သူအနားယူ အပန်းဖြေရန် နေရာများဖြစ်သည့်  ထေးဇန် ကျေးရွာ ၊အာလွယ်ကျေးရွာ လေသာတောင်များသို့ လူအများ အုပ်စုဖွဲ့ကာ နေ့ချင်းပြန်ခရီးများ သွားလာသူများ၊နေစဉ်တီးတိန်မြို့နယ်အတွင်းသို့ သွားရောက်သည့် ဈေးသည် များ (ဆိုင်ကယ်၊ ကား )ကို သက်ဆိုင်ရာ ပြည်သူ့ကျန်းမာရေးဦီးစီးဌာန၏ ကျန်းမာရေး ထောက်ခံချက် အုပ်ချုပ်ရေးမှူးများ၏ ထောက်ခံချက်ဖြင့်သာ ခရီးသွားလာခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရသည်။

စာစုများ -