ခိုင်ကမ်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးခြင်းကို လူစုလူဝေးမဖြစ်ဆေးရေးပြောင်းလဲဆောင်ရွက်

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့အဝင်အထွက်နေရာဖြစ်သည့် အထက်တန်းကျောင်းတွင် တီးတိန်၊ တွန်းဇန်၊ ကျီခါး၊ ရိခေါဒါရ်သို့ သွားရောက်မည့် ကုန်စည် တင်မော်တော်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား ကိုဗစ်ရောဂါပိုးရှိမရှိ နေ့စဉ် စစ်ဆေး ဆောင်ရွက်လျှက်ရှိပါသည်။

          ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် လူစုလူဝေးများဖြစ်ပေါ်လာခြင်းကြောင့် မလိုလားအပ်သော ကိုဗစ်-၁၉ ရောဂါပိုးများကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် တီးတိန်၊ တွန်းဇန်၊ ကျီခါး၊ ရိခေါဒါရ်သို့ သွားရောက်မည့် ကုန်စည်ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့ကားကြီးဝင်းရှိ ပုဂ္ဂလိကမော်တော်ယာဉ်များ စနစ်တကျပြေးဆွဲရေးကော်မတီရုံးတွင် လျှောက်လွှာ များရယူပြီး ခိုင်ကမ်းရှိ ကိုဗစ်-၁၉ရောဂါစစ်ဆေးရေးဂိတ်သို့ မော်တော်ယာဉ်နှင့် တစ်ပါတည်း ယူဆောင်ကာ စစ်ဆေးသွားရမည်ဖြစ်ကြောင်းသိရသည်။

          Test kit ဖြင့် Covid-19 ရောဂါးပိုးရှိမရှိကို တစ်ရက်လျှင် (၄၀)ဦးသာ စစ်ဆေးပေးသွားမည် ဖြစ်ပြီး၊ နေ့စဉ်နံနက် (၈)နာရီမှ စတင်ကာ လျှောက်လွှာများလက်ခံရယူ စစ်ဆေးပေးသွား မည် ဖြစ် ကြောင်း သိရှိရသည်။

စာစုများ -