ရိခေါ်ဒါရ်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသည့် အခြေခံလူတန်းစားအိမ်ထောင်စုများအား ထောက်ပံ့ငွေများပေးအပ်

 

ရိခေါ်ဒါရ်         နိုဝင်ဘာ၁၈

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့၌ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအား နိုင်ငံတော်မှ ထောက်ပံ့သည့် ထောက်ပံ့ငွေများကို နိုဝင်ဘာ ၁၈ ရက်တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့များက သက်ဆိုင်ရာအိမ်ထောင်စုများအလိုက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ ထောက်ပံ့ငွေများပေးအပ်ရာတွင် ရိခေါ်ဒါရ်မြို့ အမှတ်(၁)ရပ်ကွက်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စုတစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀)နှုန်းဖြင့် အိမ်ထောင်စု (၂၀)စုတို့အား အိမ်တိုင်ရာရောက် ထောက်ပံ့ပေးခဲ့ကြောင်း၊ အမှတ်(၂)ရပ်ကွက်ရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစားအိမ်ထောင်စု တစ်စုလျှင် ထောက်ပံ့ငွေကျပ် (၂၀၀၀၀) နှုန်းဖြင့် အိမ်ထောင်စု (၂၀၀)စုတို့အား အမှတ်(၂)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌လည်းကောင်း ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီး ရိခေါ်ဒါရ်မြို့ပေါ် ရပ်ကွက်နှစ်ခုအတွင်းရှိ အိမ်ထောင်စုပေါင်း (၂၂၀)စုတို့အတွက် ထောက်ပံ့ငွေကျပ်ပေါင်း (၄၄၀၀၀၀၀)အား သက်ဆိုင်ရာအိမ်ထောင်စုများအလိုက် ထောက်ပံ့ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာစုများ -