ခိုင်ကမ်းမြို့ ရပ်ကွက်များတွင် ဌာနဆိုင်ရာများပူးပေါင်း၍ နှာခေါင်းစည်း(Mask)များဝေငှပေး

ခိုင်ကမ်း             နိုဝင်ဘာ၂၀

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ တီးတိန်မြို့နယ်၊ ခိုင်ကမ်းမြို့ ရှိအမှတ်(၁၊ ၂၊ ၃၊ ၄)ရပ်ကွက်များတွင် ယနေ့ နံနက်(၁၀)နာရီအချိန်တွင် ဌာနဆိုင်ရာများပူးပေါင်း၍ နှာခေါင်းစည်း(Mask)များ ဝေငှပေးခဲ့ကြောင်းသိရသည်။ ခိုင်ကမ်းမြို့သည် ကလေးမြို့မှ ချင်းပြည်နယ်အဝင်မြို့ဖြစ်ကာ ယာဉ်မောင်း၊ ယာဉ်နောက် လိုက်များအား ကိုဗစ်-၁၉ရောဂါပိုးရှိမရှိစစ်ဆေးသည့် မြို့ဖြစ်သည့်အတွက် ခိုင်ကမ်း မြို့နေ မိဘ ပြည်သူများအနေဖြင့် ကိုဗစ်ရောဂါကူး စက်ပြန့်ပွားမှုမရှိစေရေးနှင့် ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်များကို သိရှိရုံမက လိုက်နာ၍ ကိုဗစ်-၁၉ရောဂါထိန်းချုပ် ကာကွယ် မှုလုပ်ငန်းများကို မိဘပြည်သူများအနေနှင့် ပူးပေါင်းကာ အလေးထား လိုက်နာနိုင်ရန် ရည်ရွယ်၍  ဌာနဆိုင်ရာများပူးပေါင်း၍ နှာခေါင်းစည်း(Mask)များ ကို ဝေငှခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်ရာတွင် ခိုင်ကမ်းမြို့ စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးယောအောင်ဦးဆောင်ကာ မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့မီးသတ်တပ်ဖွဲ့ရုံးနှင့် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနရုံးတို့မှ တာဝန်ရှိသူများမှ ပူးပေါင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စာစုများ -