(၃၂)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ်၊ကမ္ဘာ့ကလေးများနေ့အခမ်းအနားကို နိုဝင်ဘာလ ၂၀ ရက် မွန်းလွဲ ၂နာရီကဟားခါးမြို့၊ ပြည်နယ်လူမှုဝန်ထမ်းရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်အမှာစကားပြောကြားခဲ့ကြောင်းသိရှိရသည်။အဖွင့်အမှာစကားပြောကြားရာတွင် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ
လုပ်ကိုင်ဆောင်ရွက် ပေးကြသည့် လူမှုဝန်ထမ်းဦးစီးဌာနနှင့် NGO,INGOအဖွဲ့အစည်းများအား အထူးကျေးဇူးတင်ရှိကြောင်းနှင့် ကလေးသူငယ်များ၏အခွင့်အရေးများကို ပိုမိုဂရုပြုဆောင်ရွက်ပေးကြရန်များ၊ ပြည်သူအားလုံးပူးပေါင်းပါဝင်လာအောင် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်များ ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကလေးငယ်များအား လက်ဆောင်ပစ္စည်းပေးအပ်ခြင်း ဆောင်ရွက်ရာပြည်နယ်လူမှုဝရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် တာဝန်ရှိသူများကလက်ဆောင်ပစ္စည်းများကို ကလေးငယ်များအား ပေးအပ်ခဲ့ကြပြီးနောက် ကလေးငယ်များမှတေးသီချင်းများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။
ယင်းနောက် ပြည်နယ်လူမှုဝရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန်နှင့် တာဝန်ရှိသူများ၊ကလေးငယ်များက “ကလေးအားလုံးရဲ့ အနာဂတ်လှပဖို့ စိတ်ကူးပုံဖော်ဆောင်ရွက်စို့”ဆောင်ပုဒ်ကပ်ထားသည့် White Board ပေါ်တွင် အမှတ်တရ လက်မှတ်ရေးထိုးခဲ့ကြကြောင်းသိရှိရသည်။
နောက်ဆုံးရသတင်းများ
ပင်မစာမျက်နှာ / နောက်ဆုံးရသတင်းများ / (၃၂)နှစ်မြောက် ကလေးသူငယ် အခွင့်အရေးများ ဆိုင်ရာ ကုလသမဂ္ဂကွန်ဗင်းရှင်းအထိမ်းအမှတ်၊ ကမ္ဘာ့ကလေးများနေ့ အခမ်းအနားသို့ ပြည်နယ်လူမှုရေးဝန်ကြီး ဦးပေါင်လွန်းမင့်ထန် တက်ရောက်ဆက်စပ်သတင်းများ
အချက်အလက်များ မတွေ့ပါ!