ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများတွင် အသုံးပြုနိုင်ရန်အတွက် အလှူငွေများ ဟားခါးမြို့နယ် COVID 19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ ပေးအပ်လှူဒါန်း

ဟားခါးမြို့နယ် COVID 19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ COVID-19​ရောဂါ ကာကွယ်၊ထိန်းချုပ်၊ကုသရေး လုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက်အလှူငွေပေးအပ် လှူဒါန်းခြင်းကို နိုဝင်ဘာ ၂၀ ရက်နေ့က ဟားခါးမြို့၊မြို့နယ်စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ လှူဒါန်းပေးအပ်ရာတွင် အလှူငွေကျပ် (၁၂၂၀၀၀)ကိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လည်းကောင်း၊ အလှူငွေကျပ် (၁၅၀၀၀၀)ကိုမြို့နယ်စာရင်းရုံးမှ လည်းကောင်း COVID-19​ ရောဂါကာကွယ်၊ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန် အတွက်ပေးအပ်လှူဒါန်းခဲ့ရာ ဟားခါးမြို့နယ် COVID 19 ရောဂါ        ကာကွယ်ထိန်းချုပ်ရေးကော်မတီဉက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည် ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
COVID-19​ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကာလအတွင်းဟားခါးမြို့နယ် COVID-19 ရောဂါကာကွယ်ထိန်းချုပ်ရေးကော်မတီသို့ COVID-19​ ရောဂါကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများ၌ အသုံးပြုနိုင်ရန်အတွက်အလှူရှင်များအနေဖြင့် အလှူငွေများ ထည့်ဝင်လှူဒါန်းနိုင်ကြောင်း သိရှိရသည်။

စာစုများ -