ကျီခါးမြို့၌ အိန္ဒိယနိုင်ငံမှနေရပ်ပြန်အမျိုးသမီး(၂)ဦးထပ်မံ၀င်ရောက် 
ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ကျီခါးမြို့၌ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှ နေရပ်ပြန်လာသူများ မြန်မာ - အိန္ဒိယနယ်စပ် ခင်မန်းဂိတ်မှတစ်ဆင့် ပုံမှန်၀င်ရောက်လျက်ရှိရာ ယနေ့မွန်းလွဲ(၃)နာရီအချိန်က နေရပ်ပြန် အမျိုးသမီး ( ၂ ) ဦး ကျီခါးမြို့သို့  ထပ်မံ၀င်ရောက်လာကြောင်း သိရသည်။
     ယနေ့ထပ်မံ၀င်ရောက်လာသည့် နေရပ်ပြန်အမျိုးသမီး(၂)ဦးမှာ ချင်းပြည်နယ်၊တွန်းဇံမြို့နယ်၊ဟိုင်ကျင်းကျေးရွာမှ  အသက် (၁၈) နှစ်အရွယ် အမျိုးသမီး (၂) ဖြစ်ပြီး အဆိုပါနေရပ်ပြန်( ၂ )ဦးအားကျီခါးမြို့ ကိုဗစ်-၁၉ရောဂါကာကွယ် ၊ထိန်းချုပ် ၊ကုသရေးနှင့်အရေး ပေါ်တုန့်ပြန်ရေးကော်မတီအဖွဲ့မှ ကျီခါးမြို့Facility Quarantine Center၌  အသွားအလာကန့်သတ်ပြီး   ကျန်းမာရေးစောင့်ကြည့် ဆောင်ရွက်ထားလျက်ရှိကြောင်းနှင့်လက်ရှိတွင် အိန္ဒိယနိုင်ငံမှနေရပ်ပြန်လာပြီး ကျီခါးမြို့၌ Quarantine၀င်ရောက်သူ စုစုပေါင်း(၁၅) ဦးရှိကြောင်း ကျီခါးမြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။ 
စာစုများ -